ကမ္ဘာပေါ်ရှိ ထူးဆန်းသောနေရာများ(၁)

 

၁။ဘာမြူဒါတြိဂံ(Bermuda Triangle, Atlantic Ocean)


   ဒီနေရာနာမည်ကြီးတာကတော့ ခေတ်အဆက်ဆက် လူတွေ၊ သင်္ဘောတွေ၊ ဒုတိယကမ္ဘာစစ်တုန်းကဆိုရင် စစ်လေယာဉ်တွေ ပျောက်ကုန်တာကြောင့်ပါပဲ။ ယနေ့အထိ ဘယ်သူမှ ဘာကြောင့်လဲဆိုတာကိုတော့ သေသေချာချာ မသိကြသေးပါဘူး။ ပညာရှင်တွေ ထင်ကြေးပေးကြတာလည်း ရှိပါတယ်။ တချို့ကတော့ အဲဒီနေရာမှာရှိတဲ့ သံလိုက်အားဟာ မတူညီတာကြောင့်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ တစ်ချို့ကလည်း လေမုန်တိုင်းတွေကြောင့်လို့ပြောပါတယ်။ သိပ္ပံပညာရှင်တွေကတော့ အချိန်မတူတာကြောင့်လို့ဆိုပါတယ်။ တစ်ချို့ကတော့ ထူးဆန်းတာသက်သက်သာဖြစ်တယ်လို့ ဆိုကြပါသေးတယ်။ ဘယ်လို့ပဲဖြစ်ဖြစ် သင်သာ ဒီကမ္ဘာလောကကြီးကို နုတ်ဆက်ချင်ပြီဆိုရင်တော့ သွားလည်သင့်တဲ့နေရာတစ်ခုပါပဲ။ 


၂။ဘန်းဖ်ဟိုတယ်(Banff Springs Hotel, Canada)



    ဒီဟိုတယ်ဟာ The Shining ဇာတ်ကားထဲကလို သရဲခြောက်တဲ့နေရာပါ။ ဒေသခံတွေကတော့ အခန်းနံပါတ်(၈၇၃)မှာတည်းကြတဲ့ မိသားစု၀င်အကုန်လုံး သွေးအေးအေးနဲ့အသတ်ခံလိုက်ရတာကြောင့်လို့ဆိုပါတယ်။ တစ်ချို့ကလည်း ဟိုတယ်တံခါးစောင့်ဟာ လေထဲမှာပျောက်သွားပါတယ်တဲ့။ သင်သာ ပုံမှန်မဟုတ်တဲ့ supernatural things နဲ့ ရင်ဆိုင်ရဲရင်တော့ သွားလည်သင့်ပါတယ်။


၃။ထရန်ဆိုင်လ်ဗားနီးယား(Transylvania, Romania)


    တောင်ထိပ်ဖျားမှာရှိတဲ့ ဒီရဲတိုက်ကို ဘယ်သူ့မှမလာကြပါဘူး။ ကျောက်နံရံလိုဖြစ်နေတဲ့ တောင်ပေါ်မှာတည်ရှိတာကြောင့် တက်လို့ရခဲ့ရင်တောင် အပေါ်ဘာရှိလဲဆိုတာကို မသိနိုင်ပါဘူး။ အများစုကတော့ အပေါ်မှာ ခေတ်အဆက်ဆက်ကရှိတဲ့ ဘုရင်တွေနဲ့ သွေးဆာနေကြတဲ့ ဒရာကူလာရှိလို့ပါတဲ့။


၄။ပင်လိမ်တော(Crooked Forest, Poland)


    ပိုလန်နဲ့ဂျာမနီနယ်စပ်ကြားမှာ အပင်လေးရာလောက်သာရှိတဲ့ ထင်းရှူးပင်တွေဟာ ကွေးလိမ်နေကြပါတယ်။ ဒီနေရာဟာ ခရီးသွားများကို ဆွဲဆောင်ထားပါတယ်။ အရင်တုန်းက ပြင်းထန်တဲ့နှင်းမုန်တိုင်းတွေကြောင့် အပင်တွေရဲ့ဗီဇဟာ ပြောင်းလဲသွားတာဖြစ်နိုင်တယ်လို့ဆိုပါတယ်။ 


၅။ဘန်းဂပ်ဖ်ခံတပ်(Bhangarh Fort, India)


    ဒီနေရာဟာ ကျိန်စာသင့်မင်းသမီးလေးရှိတယ်လို့ပြောကြပါတယ်။ မှော်ဆရာ Sinhai ဆိုတဲ့သူဟာ မင်းသမီးကိုအောက်လမ်းနည်းနဲ့ ချစ်ကြိုက်အောင်အကွက်ချလိုက်ပါတယ်။ မကြာပါဘူး။ ‌မှော်ဆရာဟာ မီးလောင်တိုက်သွင်းခံရပါတယ်။ သူမသေခင် ဒီတစ်နေရာရှိလူတွေအားလုံးကို ကျိန်စာတိုက်ခဲ့ပါတယ်။ ဒါကြောင့် ဒီနေရာဟာ အိန္ဒိယမှာ သရဲအခြောက်ဆုံးနေရာဖြစ်ပါတယ်။ နေ၀င်တာနဲ့ ဘယ်သူ့ကိုသွားခွင့်မပေးပါဘူး။ ဒေသခံတွေကတော့ အဲဒီနေရာကို ညဘက်သွားပြီးပြန်လာတဲ့သူ မရှိဘူးလို့ဆိုကြပါတယ်။ 

K.L.Ag


Source;15 most mysterious places in the world

#EverythingvsEverything

Comments

Popular posts from this blog

Dimensions များအကြောင်း