Dimensions များအကြောင်း


Dimensions

ကျွန်နော်တို့ သိထားသလောက် ကျွန်နော်တို့တတွေဟာ 3 dimensions(3D) မှာနေထိုင်ကြသူတွေပါ။  အဲဒီသုံးခုကတော့ အရှည်(space-length)၊ အကျယ်(width) နဲ့ အနက် (ဒါမှမဟုတ်) အမြင့် တို့ဖြစ်ပါတယ်။ ဒါတွေအားလုံးကို အရွယ်အစား(size) လို့ခေါ်ပါတယ်။ ဒါတွေဟာ ယေဘုယျအားဖြင့် ခေါ်ဝေါ်ကြတာပါ။ စာရွက်ပေါ်ကအမှတ်နှစ်ခုကိုဆက်လိုက်ရင် မျဉ်းတစ်ကြောင်းရမယ်။ အဲဒီ မျဉ်းကြောင်းဟာ အလျားသာရှိတဲ့အတွက် 1D ပါ။ နောက်ထပ်အမှတ်တွေနဲ့ ချိတ်ပြီး စတုရန်းဖြစ်လာခဲ့ရင်တော့ 2Dပါ။ သူက အကျယ်လည်း ရှိလာပြီကိုး။ ကုဗတုန်းပုံကိုကြည့်မယ်ဆိုရင် ဒါဟာ 3D ဖြစ်တယ်ဆိုတာကို တန်းသိပါတယ်။ အခု ကျွန်နော်‌တို့ နေ့စဉ်တိုင်းတာ၊ တွေ့ထိနေရတာအားလုံးဟာ 3D အရာတွေချည်းပါပဲ။

ဒီလိုနဲ့ 4D, 5D ဆိုတာတွေကရော။ ဟုတ်ပါတယ် အဲဒါကိုလည်း ကျွန်နော်စဉ်းစားထားပြီးသားပါ။ အဲတော့ Dimensionsနဲ့ သူ့အပေါ်သတ်မှတ်ကြပုံတွေဟာ မတူညီကြပါဘူး။ 


Geometrical Dimensions

Geometry မှာတော့ dimension တွေကို size နဲ့ မသတ်မှတ်ပါဘူး။ Latitude, Longitude, Attitude နဲ့ သတ်မှတ်ကြပါတယ်။ ဒါတွေကို မြေပုံကြည့်တဲ့အခါ အများဆုံးမြင်တွေ့ရမှာပါ။ ဒါကြောင့် space ကိုဖြစ်ဖြစ်၊ ကမ္ဘာကြီးကိုဖြစ်ဖြစ် တိုင်းတာရှုမြင်တဲ့အခါ ကွဲပြားသွားနိုင်ပါတယ်။ ဒါပေမယ့် သူတို့ဟာလည်း 3D ပါပဲ။ 


Mathematical Dimensions

သင်္ချာနည်းအရဆိုရင်လည်း size ကိုဘဲ အသုံးပြုကြပါတယ်။ မတူတော့တာက သူ့မှာ လေးခုမြောက် dimension ကိုပါ ထည့်သွင်းလာတာကြောင့်ပါပဲ။ 

Tesseract ခေါ် 4th dimension ကဘာလဲ။ 2D စတုရန်းတစ်ခုကို 1D မျဉ်းတစ်ကြောင်းနဲ့ဆက်လိုက်ရင် 3D cube ကိုရမယ်။ အနားပြိုင် 3D cube နှစ်လုံးကိုဆက်ရင် Tesseract ကိုရမယ်။ Tesseract မှာ 4 dimensions ပါ၀င်တာ 4D လို့ခေါ်နိုင်တယ်။ 



Dimensions in Physics

ရူပဗေဒအရဆိုရင်တော့ သင်္ချာနဲ့ ဖော်ပြတဲ့ပုံစံ၊ ဖော်ပြတဲ့အရာတွေပါ မတူညီပါဘူး။ ဟင်းလင်းပြင်(space) ပေါ်မှာ အမှတ်တစ်ခုရျိမယ်။ အဲဒီအမှတ်ကနေ ဘယ်ညာ၊ အပေါ်အောက် ရွေ့လျားသွားမယ်။ အပေါ်နဲ့‌အောက်ရွေ့လျားတဲ့ အလျှင်တူရင် အဲဒါ 1D ပါပဲ။ ဘယ်ညာဆိုလည်း အဲဒီအတိုင်းပါပဲ။ ထူးခြားသွားတာက speed ကိုပါ ထည့်လိုက်ရတာပါ။ ဆိုလိုချင်တာက အပေါ်အောက် အညီအမျှ မရွေ့နေကြဘူးဆိုရင် 1D ဖြစ်နိုင်ရင်တောင် 2D၊ 3D ဖြစ်နိုင်တဲ့အဆင့်မရှိတော့ပါဘူး။ ဒါကြောင့်လည်း သင်္ချာမှာတောင် အလျားတူတာတွေ၊ အနားပြိုင်တာတွေနဲ့ဘဲ တိုင်းတာလို့ရတာတော့။ Physics မှာ 4D အနေနဲ့ ပါလာတာက Tesseract မဟုတ်တော့ပါဘူး။ 4th dimension ဟာ အရာ၀တ္ထု၏ဆွဲအား Gravity ပါလာမယ်။ ဒါမှမဟုတ်ရင် လျှပ်စစ်သံလိုက်အား Electromagnetism ကို 4th dimension အဖြစ် သတ်မှတ်နိုင်တယ်။ 


Time

အချိန်ကို သိပ္ပံနည်းအရ dimension တစ်ခုအဖြစ်လက်ခံထားတာတွေလည်းရှိပါတယ်။ တစ်ချို့နေရာတွေမှာ ထည့်သွင်းစဉ်းစားလို့ရပေမယ့် တစ်ချို့နေရာတွေမှာတော့ ထည့်သွင်းလို့မရပါဘူး။



အချိန်ဆိုတာ ထိတွေ့ကိုင်တွယ်လို့မရတဲ့အပြင် တိုင်းတာလို့လည်းမရပါဘူး။ ဆိုလိုချင်တာက အချိန်ဆိုတာဟာ gravityတို့ Electromagnetism တို့ရဲ့အားကို တိုင်းသလိုလည်း တိုင်းတာလို့မရပါဘူး။ ပြီးတော့ အပေါ်အောက်၊ ဘယ်ညာမရှိဘူး။ ရှေ့ကိုသာ ဆက်သွားနေတဲ့အရာတစ်ခု။ ဒါကြောင့်လည်း Maths, Physics, Geometry တို့မှာ အချိန်ကို dimension အဖြစ် ထည့်သွင်းထားတာမျိုးမရှိကြပါဘူး။ ဒါဆို ဘယ်အရာတွေမှာ အချိန်ကို ထည့်သွင်းလဲ။ ပွင့်လင်းစွာပြောရမယ်ဆိုရင် အချိန်ဆိုတာကို 4th dimension အဖြစ် မှတ်လို့ရပါတယ်။ အဲလိုဆိုရင် ကျွန်နော်တို့ဟာ 3D မဟုတ်တော့ဘဲ 4D ကမ္ဘာကြီးမှာ နေထိုင်နေကြတာပါ။ Size လို့ခေါ်တဲ့ 3D ကို အချိန်ပါပေါင်းထည့်လိုက်ရင် 4D ဖြစ်သွားတာပေါ့။ 


Facts to end

Physics theories တွေအရ dimensionsပေါင်း 10 ခုအထက်မှာ ရှိနိုင်တယ်လို့ဆိုပါတယ်။ နောက်ပြီး 5D ဟာလည်း တည်ရှိပေမယ့် လူတွေအနေနဲ့ ခံစားတွေ့ရှိဖို့ မဖြစ်နိုင်ဘူးလို့ဆိုပါတယ်။ အများစု တွေထင်ထားတဲ့ dimensions‌ အသစ်တွေဟာ super space, super gravity, super force တွေဖြစ်ကြမယ်လို့ဆိုပါတယ်။  ဒီ့ထက် အရေးကြီးတဲ့ တစ်ချက်ကတော့ space and time နဲ့ ပတ်သက်ရင် ဘာသာရေးကိုလည်း မေ့ထားလို့မရပါဘူး။ ဒီအကြောင်းတွေကိုတော့ သပ်သပ်တစ်ခုရေးပေးပါ့မယ်။


အဆုံးထိဖတ်ပေးတာကျေးဇူးပါ။

Stay home, be safe and make gain knowledge.


K.L.Ag


#EverythingvsEverything

Comments

Popular posts from this blog

ကမ္ဘာပေါ်ရှိ ထူးဆန်းသောနေရာများ(၁)