မိမိရဲ့ အချိန်များကိုအကျိုးရှိရှိအသုံးချနိုင်ရန် လုပ်ဆောင်ရမည့် အချက်(10)ချက်

 


အချိန်ဟာ တစ်ရစ်ရစ်နဲ့ ကုန်ဆုံးနေပါတယ်။ အချိန်နှင့်ဒီရေဟာ လူကိုမစောင့်ဆိုတဲ့စကား အတိုင်း အချိန်ဟာတော့ သူ့ဟာသူဆက်သွားနေမှာပါ။ အချိန်ဟာကုန်ဆုံသွားလို့ရှိရင်ဘယ်တော့မှ ပြန်မရတော့ပါဘူး။ဘဝရဲ့ အခွင့်ရေး ပေါင်းများစွာ၊ ကျနော်တို့ရဲ့အသက်ရှင်မှု ဟာလည်း အချိန်တစ်ခုအပေါ်မှာပဲကပ်တွယ်နေကြတာဖြစ်ပါတယ်။ဒါကြောင့် အချိန်အပေါ်မူတည်ပြီး ဖြစ်ပေါ်လာတဲ့ အခွင့်ရေးတွေ ကိုမဆုံးရှုံးအောင် အချိန်ကိုအကျိုးရှိရှိအသုံးချဖို့တော့လိုပါတယ်။

လုပ်ငန်းတစ်ခုမှာကျွမ်းကျင်ဖို့၊ အားကစားတစ်ခုမှာထူးချွန်န်ုင်ဖို့၊ ဗဟုသုတတွေအများကြီစုဆောင်းဖို့၊ ကိုယ်ကချမ်းသာတဲ့လူတစ်ယောက်ဖြစ်ချင်တယ်ဆိုလို့ရှိရင် ငွေတွေအများကြီးစုဆောင်းနိုင်ဖို့ စသည်ဖြင့် အနာတ်ဂတ်ရည်မှန်းချက်ကောင်းတွေရှိတယ်ဆိုရင်တော့ သင့်ရဲ့တန်ဖိုးရှိတဲ့ အချိန်တွေကို အကျိုးရှိရှိအသုံးချဖို့လိုပါတယ်။ အချိန်ကိုအကျိုးရှိရှိအသုံးချခြင်းဟာ သင့်အလုပ်သာမက သင့်ဘဝကိုပါ ပို၍အဓိပ္ပါယ်ရှိလာစေပါတယ်။

အချိန်ကိုအကျိုးရှိရှိ စီမံခြင်းဆိုတာဘာလဲ??

တန်ဖိုးရှိတဲ့ အချိန်တွေကို အကောင်းဆုံးဖြစ်အောင်အသုံးချနိုင်ဖို့ အောက်ပါအချက်(10)ချက်ကို ဖော်ပြပေးလိုက်ပါတယ်။


(1)မိမိရဲ့အချိန်ကို ပြန်လည်စစ်ဆေးခြင်း

သင်ဟာဘယ်အရာပဲလုပ်နေလုပ် မိမိလုပ်နေတဲ့အလုပ်ဟာ ဘယ်အချိန်ပြီးရမယ်၊ လုပ်နေတာရော ဘယ်လောက်ကြာပြီလဲ စသည်ဖြင့် ကိုယ့်ရဲ့အချိန်ကို အမြဲတမ်း ပြန်လည်ဆန်းစစ်ဖို့လိုပါတယ်။ သင်ဟာ ရုံးဖက်ဆိုင်ရာအလုပ်ထဲမှာလုပ်နေတဲ့ အခါမျိုးမှာ တစ်ချို့သောအရေးမပါတဲ့ အရာတွေက သင့်ရဲ့အချိန်တွေကို ခိုးယူနေတယ်ဆိုတာသင်ရိပ်မိမှာပါ။ ဒီလိုအခြေနေမျိုးမှာ သင်ဟာ တစ်ခုခုပြုလုပ်နိုင်ပါတယ်။ ဥပမာပြောရရင် အရေးပါတဲ့အရာတစ်ခုလုပ်မည့်အစား E-mail ပို့နေရင်း အချိန်တစ်နာရီကုန်ဆုံးသွားမျိုးကို ဆိုလိုပါတယ်။ဒီလိုမျိုး သင်ရဲ့ ကုန်ဆုံးနေတဲ့ အချိန်တွေကို ပြန်လည်ဆန်းစစ်ခြင်းအားဖြင့် ဘယ်အချိန်မှာဘာလုပ်ရမယ်၊ ဘယ်နေရာမှာ ဘယ်လောက်သုံးသင့်တယ်၊ ဘယ်နောရာမှာဘယ်လောက်အချိန်ကုန်သွားပါလား ဆိုပြီး သင့်အချိန်ဇယားတွေကိုပိုမြင်လာစေပါတယ်။

(2)အချိန်ကန့်သတ် ထားရှိမှု

ဘယ်အချိန်ကိုမဆို အချိန်သတ်မှတ်ချက်၊ အကန့်သတ်လေးတွေ ထားတာက ပျော်စရာကောင်းပါတယ်။ တစ်ချို့ကုမ္ပဏီ တွေက ဝန်ထမ်းတွေကို Game ကစားသလိုမျိုး Group ခွဲထားတတ်ပါတယ်။ ပေးလိုက်တဲ့ အလုပ်ကိုဘယ်နှစ်နာရီနဲ့ပြီးအောင်လုပ်ရမယ်ဆိုပြီး Group တိုင်းကိုခွဲပေးလိုက်တယ်။ အရင်ဆုံး ပြီးမြောက်တဲ့ Group တွေကို ဆုကြေးပေးတာမျိုးလုပ်လေ့ရှိပါတယ်။ ဒီလိုလုပ်လိုက်ခြင်းက သတ်မှတ်ထားတဲ့ လုပ်ငန်းကမြန်မြန်ပြီးမြောက်စေပြီး ဝန်ထမ်းတွေကိုပျော်ရွှင်လာစေပါတယ်။ အလုပ်တစ်ခုကို လုပ်မယ်ဆိုရင် ဥပမာ-အချိန်နှစ်နာရီအပြီးလုပ်မယ်ဆိုပြီးကန့်သတ်လိုက်ပါ။ကိုယ်ကတစ်နာရီနဲ့ ပြီးအောင်လုပ်နိုင်ရင်ကျန်တဲ့ တစ်နာရီက သင့်ရဲ့ အချိန်ပိုအပိုင်းအစလေးတွေ ဖြစ်လာစေပါတယ်။


(3)အချိန်စီမံနိုင်တဲ့ Software သို့မဟုတ် application တစ်ခုခုသုံးပါ

နည်းပညာနဲ့ လျှပ်စစ် ပစ္စည်းတွေက အချိန်ခွဲခြားသတ်မှတ်ရာမှာ ပိုပြီးအဆင်စေပါတယ်။

Computer Screen ပေါ်မှာ အချိန်ဇယားပြုလုပ်ထားသလိုမျိုး။ ဖုန်းနဲ့ Timer ထားပြီးအလုပ်လုပ်တာမျိုးက သင့်ရဲ့အချိန်တွေကို ပိုပြီးတိတိကျကျ စီမံကိန်းဆွဲနိုင်စေပါတယ်။ အင်တာနက်ပေါ်မှာရှိတဲ့ Applications နဲ့ Software တစ်ချို့က တော်တော်အသုံးဝင်ပြီး အချိန်ကို ကြိုက်သလို့ စီမံခန့်ခွဲနိုင်ပါတယ်။


(4)လုပ်ရမယ့် အရာများကို အချိန်ဇယားပြုလုပ်ပါ

အချိန်ဇယားဟာ အမြဲတမ်းအချိန်ကို ချွေတာပေးလေ့ရှိပါတယ်။ သင့်လုပ်ရမယ့်အလုပ်တွေကို တိကျစွာအချိန်ဇယားပြုလုပ်ပြီး အချိန်ဇယားအတိုင်းလိုက်နာရင်တော့ သင့် အချိန်တွေကို အကျိုးရှိရှိ အသုံးဝင်လာမှာ အမှန်ပါပဲ။ဘယ်နေ့ဘာလုပ်မယ်၊ နောက်နေ့က ဘယ်အလုပ် စသည့်တိကျတဲ့ အချိန်ဇယားနဲ့ အလုပ်လုပ်တာက သင့်ကိုအချိန်နဲ့ပတ်သက်ပြီးများစွာအထောက်ကူပြုပါတယ်။


(5)ကိုဆွဲထားတဲ့ အစီစဥ်အပေါ်ဦးတည်ဆောင်ရွက်ခြင်း

အချိန်ဇယား ကိုလိုက်နာရမယ်အချက်ကတော့ Time Management ရဲ့ အဓိက အရေးကြီးဆုံး Point ပါပဲ။

မိမိဆွဲထားတဲ့ အသေးစိတ်အစီစဥ်နဲ့ အချိန်ဇယားတွေအပေါ်  ဦးတည်လုပ်ကိုင်နေရခြင်းက ဘဝကိုပိုမို အဓိပ္ပါယ်ရှိလာစေပြီး မိမိကိုယ်ကိုယ်လည်း ယုံကြည်မှုတွေ ပိုပြီးရှိလာစေပါတယ်။

ဒီလိုလုပ်ကိုင်ခြင်း အလုပ်အပေါ်ပိုမို အာရုံစိုက်စေပြီး လုပ်ရမယ့်အလုပ်ဟာ ဘယ်အချိန်ပြီးနိုင်တယ်ဆိုတဲ့ ကြိုတင်တွေးဆနိုင်စွမ်းတွေလည်း တိုးတက်လာစေပါတယ်။

(6) အရေးကြီးတဲ့ အစိတ်ပိုင်းတွေကို စတင်ကိုင်တွယ်ဖြေရှင်းပါ

အလုပ်ဆိုတာကတော့ ဘယ်အရာမဆို အရေးပါပါတယ်။ ကြီးကြီးငယ်ငယ် တစ်ခုခုကိုပြီးမြောက်အောင်လုပ်နိုင်တယ်ဆိုတဲ့ ခံစားမှုဟာဘယ်ဆုလာဘ်နဲ့မှ မလဲနိုင်ပါဘူး။ ဒါပေမယ့်ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ ဗျူဟာတွေဟာအရေးပါပါတယ်။ဥပမာ-သင်ဟာနံနက်ပိုင်မှာ အင်အားရှိနေပြီး ပိုပြီးအာရုံစိုက်နိုင်တဲ့ အနေထားမျိုးမှာ ခက်ခဲပြီးအာရုံစိုက်ရမယ့် အလုပ်မျိုးကို ကိုင်တွယ်ဖြေရှင်းတာက သင့်အလုပ်ကို ပိုမိုတွင်ကျယ်စေပါတယ်။

(7)တာဝန်လွှဲပေးပါ

ဘယ်ကိစ္စကိုမဆိုသင်တစ်ယောက်တည်း လုပ်မနေနိုင်ပါဘူး။ တာဝန်လွဲပေးနိုင်တဲ့ အပိုင်းအစတွေကို တာဝန်လွှဲပေးဖို့လိုအပ်ပါတယ်။ အသေးအမွှားလေးကအစ သင်တစ်ယောက်တည်း လုပ်နေရင်တော့ သင့်အချိန်တွေက အရေးကြီးတဲ့နေရာတွေမှာ အားလျော့သွားစေပါတယ်။ပိုမိုရှုပ်ထွေးပြီး ကြီးမားတဲ့ အလုပ်တွေမှာပဲ အာရုံစိုက်ပေးတာကပိုကောင်းပါတယ်။

(8) လက်ရှိလုပ်နေတဲ့ အလုပ်ကိုအာရုံစိုက်ပါ

သင်ဟာ အချိန်တစ်ခုမှာ အလုပ်နှစ်ခုလုပ်လို့မရပါဘူး။ ကိုယ်ကလုပ်ရမယ့် တစ်စုံတစ်ရာကိုရွေးချယ်လိုက်လို့ရှိရင် သင့်ရဲ့ အာရုံစိုက်မှုဟာလည်း ၄င်းအလုပ်အပေါ် ရောက်နေဖို့လိုပါတယ်။

တစ်ဝက်တစ်ပျက် လုပ်ခြင်းကိုလည်းရှောင်းရှား ပါ။ဥပမာ-သင်က Report ရေးနေစဥ်တစ်ဝက်တစ်ပျက် E-mail သွားစစ်ပြီး စာပြန်နေတာမျိုးက သင်လုပ်နေတဲ့ အလုပ်အပေါ် အာရုံစိုက်မှာအားနည်းစေပြီး သင်ရဲ့ အရှိန်ရနေတဲ့ အမြန်နုန်းကိုလည်းနှောင့်နှေးစေပါတယ်။


(9)သင့်အချိန်ဇယားကို လိုက်လျောညီထွေပြောင်းလဲပါ

တကယ်လို့သင်ဟာ တစ်ချို့အချိန်တွေမှာ ပိုပြီးအင်အားရှိနေတတ်လို့ရှိရင် သင့်အချိန်ဇယားထဲက လုပ်ငန်းစဥ်တွေကိုလည်း လိုက်လျောညီထွေဖြစ်အောင်ပြောင်းလဲ လိုက်ရင်ပိုကောင်းပါတယ်။တစ်ချို့သောသူတွေက မနက်ပိုင်မှာ အင်အားရှိနေနိုင်ပါတယ်။ တစ်ချို့သောသူတွေက  ညဇီးကွက်တွေလို ညဘက်မှာအားသန်တတ်ပါတယ်။ သင်နဲ့ လိုက်ဖက်တဲ့ အချိန်ဇယားဖြစ်ဖို့ အရေးကြီးပါတယ်။

(10)ပြီးပြည့်စုံအောင်ထိ မလုပ်ပါနဲ့

ဘယ်အရာမှာပြီးပြည့်စုံတယ်လို့ မရှိပါဘူး။ သင်လုပ်တဲ့အရာတွေအပေါ် စိစစ်သေချာအောင်လုပ်တာက အကောင်းဆုံးဖြစ်စေမှာပါ။ပြီးပြည့်စုံ အောင်လုပ်ချင်တယ် perfect ဖြစ်ချင်တယ်ဆိုရင်တော့ အဲဒီပြီးပြည့်စုံခြင်းကပဲ အကောင်းဆုံးဆိုတဲ့ အရာရဲ့ ရန်သူဖြစ်လာနိုင်ပါတယ်။ဒါ့ကြောင်အလွန်အကျွံစိစစ်ခြင်းကိုရှောင်ရှားရပါမယ်။ အကျွံစိစစ်ခြင်းကိုရှောင်ရှားရမယ်ဆိုတာ နမော်နမေ့ လုပ်တာကိုဆိုလိုတာမဟုတ်ပါဘူး။ ဘယ်အရာမဆို လိုအပ်သလောက်ပဲစိစစ်ခြင်းက သင့်အချိန်တွေကို ကျန်တဲ့နေရာမှာသုံးဖို့ အချိန်ရစေပါတယ်။


ထိရောက်တဲ့အချိန်စီမံခန့်ခွဲနိုင်စွမ်းဟာ သင်ရဲ့ ပင်ကိုယ်အရည်သွေးရှိခြင်းဖြစ်သလို သင့်ကို အောင်မြင်တဲ့သူတစ်ယောက် ဖြစ်လာစေမှလည်းအမှန်ပါမဲ။ဘယ်လို ကိရိယာ၊ ဘယ်Software သုံးသုံးသင့်ရဲ့ အမျှော်အမြင်ကိုတော့ မမှီနိုင်ပါဘူး။ ဒါပေမယ့် အချိန်ဇယားနဲ့ အချိန်အပိုင်ခြားတွေကိုအသုံးပြုခြင်းက သင့်ရဲ့ အမျှော်အမြင်တွေ ပညာရှိမှုတွေကိုပိုပြီးတွင်ကျယ်စေပြီး ထိရောက်နိုင်တာတော့အမှန်ပါပဲ။


IMT


#EverythingvsEverything

Comments

Popular posts from this blog

Dimensions များအကြောင်း

ကမ္ဘာပေါ်ရှိ ထူးဆန်းသောနေရာများ(၁)