အထီးကျန်သောသူနှင့် အထီးမကျန်ရန်(၅)ချက်

 တစ်ယောက်တည်းနေသောသူ

  တစ်ယောက်တည်းနေသောကိစ္စမှာကား လွယ်ကူသောအရာမဟုတ်ပါ။ တစ်ယောက်တည်းနေခြင်းသည် လွတ်လပ်ခြင်း၊ ကြိုက်သလိုစားသောက်နိုင်ခြင်း၊ ကြိုက်နှစ်သက်ရာကို အတားအဆီးမရှိ ပြုလုပ်နိုင်ခြင်း၊ တွေးတောနိုင်ခြင်း တို့ကိုဆိုလိုသည်။ တစ်ယောက်တည်းနေသောအခါ ပျင်းလာခြင်းရှိမည်မဟုတ်။ မိမိကြိုက်နှစ်သက်သောအရာကို လုပ်နိုင်သည့်အပြင် မိမိချစ်မြတ်နိုးသောသူတို့အားလည်း ဂရုတစိုက် စောင့်ကြည့်နေနိုင်သည်။ တစ်ယောက်တည်းနေသောအခါ အပူအပင်ကင်းသည်။ မိမိအတွက် မည်သည်ကအကောင်းဆုံးဆိုသည်ကို ဆုံးဖြတ်နိုင်သည်။ မိမိ နှစ်သက်သောသီချင်းအား ဆိုနိုင်သည်။ မိသားစု၊ မိတ်ဆွေတို့အားလည်း အချိန်လုံလုံလောက်လောက် ပေးနိုင်သည်။ မိမိ ဖတ်ချင်သောစာအုပ်အား အချိန်မရွှေးဖတ်နိုင်သည်။ တစ်ယောက်‌တည်းသောသူတို့သည် တိတ်ဆိတ်ခြင်းကို နှစ်သက်ကြသည်။ လူများသော ပွဲတော်များသို့ သွားရောက်ခြင်းနည်းသည်။ အချိန်ကို သေချာစွာ ခန့်ခွဲနိုင်သည်။ မည်သည့်အချိန်တွင်စား၍ မည်သည့်အချိန်တွင် အိပ်မည်ဆိုသည်ကို ကြိုတင်သတ်မှတ်ထားပြီးဖြစ်သည်။ မိသားစု၊ မိတ်ဆွေ၊ ချစ်သူတို့အား မည်သို့အချိန်ပေးမည်ဆိုသည်ကို မသတ်မှတ်ထားသော်လည်း ကြိုက်သလို စီမံနိုင်စွမ်းရှိသည်။ ဤသည်ကား တစ်‌ယောက်တည်းနေသူတို့၏ လွတ်လပ်ခြင်းပင်ဖြစ်သည်။


အထီးကျန်သောသူ

  တစ်ယောက်တည်းနေသောသူသည် အထီးကျန်ဆန်သောသူမဟုတ်ပါ။ မိသားစု၊ မိတ်ဆွေတို့နှင့် အတူနေသော်လည်း အထီးကျန်နေတတ်သောသူတို့သည်လည်း ရှိပြန်သည်။ အထီးကျန်သောသူအများစုမှာ စိတ်ပိုင်းဆိုင်ရာ နာမကျန်းမှုရှိကြသောကြောင့်ပင်။ စိတ်ကျရောဂါသည်လည်း အထီးကျန်ခြင်းကိုဖြစ်စေသည်။ အများသူမှာ ပျော်နေသော်လည်း မိမိမပျော်ခြင်းမှာ စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်များကြောင့်ပင်ဖြစ်သည်။ အများနဲ့မတူသည်လည်း ဖြစ်နိုင်‌သည်။ စိတ်ကျေနပ်မှုကို ရှာ‌မတွေ့သောသူသည် အထီးကျန်သောသူတစ်မျိုးပင်ဖြစ်သည်။ အထီးကျန်သောသူတို့သည် မည်သည့်အလုပ်ကိုမှ စိတ်၀င်စားခြင်းမရှိ။ မည်သည့်အရာကိုမျှလည်း သေသေချာချာမလုပ်ချင်တတ်။ အရာအားလုံးကို အဆိုးမြင်လာတတ်သည်။ အဆိုးမြင်ခြင်းသည်လည်း စိတ်ကျခြင်းကို ဖြစ်ပေါ်စေနိုင်သည်။ မိမိဝါသနာပါသည်ကို ပြုလုပ်နေသော်လည်း စိတ်မပျော်ခြင်းမှာအထီးကျန်နေသောကြောင့်ပင်။ မည်သည့်အရာကိုမျှမလုပ်ချင်၊ မည်သည်က ဝါသနာဟူ၍လည်း မသေချာခြင်းတို့သည် အထီးကျန်မှုခံစားရန် လွယ်ကူလာစေသည်။ အထီးကျန်သောသူသည် အားအင်လည်းမရှိပေ။ စိတ်အားထက်သန်မှုတို့သည် ပျောက်ဆုံးကုန်သည်။  


အထီးမကျန်စေရန်(၅)ချက်

၁။အပေါင်းအသင်း၊ မိသားစုများနဲ့ စကားများများပြောပါ။ ရင်ထဲတွင် ကြိတ်၍မခံစားပါနဲ့။ တိုင်ပင်ဆွေးနွေးပါ။ 

၂။အဆိုးမြင်ခြင်းကိုဖယ်ရှားပြီး၊ အကောင်းမြင်ခြင်းကို မွေးထုတ်လိုက်ပါ။

၃။မည်သည့်အလုပ်ကိုမဆို စိတ်မာန်အပြည့်ဖြင့်လုပ်ပါ။

၄။မည်သို့ပင် အခက်ကြုံကြုံ အားမလျော့ပါနဲ့။ မကောင်းသောစိတ်သဘောထားများအား ပြုပြင်ပြောင်းလဲပါ။

၅။မကောင်းသောအကျင့်များအားပြုပြင်ပါ။ မိတ်ဆွေသစ်များများရှာပါ။



K.L.Ag






EverythingvsEveryrthing

Comments

Popular posts from this blog

Dimensions များအကြောင်း

ကမ္ဘာပေါ်ရှိ ထူးဆန်းသောနေရာများ(၁)