ကမ္ဘာပေါ်ရှိ ထူးဆန်းသောနေရာများ(၂)

 


၆။ဆခရိတောင်ပေါ်ရှိ တည်းခိုစားသောက်ဆိုင်(The Skirrid Mountain Inn, Wales)


      

တောင်နာမည်ဖြစ်ပေါ်လာတဲ့ ရာဇ၀င်ကလည်း ထူးဆန်းပါတယ်။ ခရစ်တော်ကွပ်မျက်ခံရအပြီး တောင်ကြီးဟာ ဒေါသထွက်ပြီး နှစ်ပိုင်းကွဲသွားတယ်လို့ဆိုပါတယ်။ အကြီးပိုင်းကို The great shiver နဲ့ အသေးပိုင်းကို The small shiver ဆိုပြီးခေါ်ကြပါတယ်။ 

စားသောက်ဆိုင်ဟာ နှစ်ပေါင်းတစ်ထောင်ကျော်သွားပါပြီ။ 

ထူးဆန်းတာက သရဲခြောက်တယ်ဆိုတဲ့ ပုံပြင်တွေအများကြီးရှိခဲ့လို့ပါ။ ဒီနေရာမှာ အရင်တုန်းက ကြိုးဆွဲချအသတ်ခံရသူတွေဟာ ခေတ်‌အဆက်ဆက် ‌ခြောက်လှန့်လာခဲ့ကြောင့်ပါပဲ။ ပုံပြင်တွေကြောင့်လားမသိ အခုချိန်မှာ ဒီစားသောက်ဆိုင်ကို လာရောက်တည်းခိုတဲ့ခရီးသွားတွေလည်း များလာပါတယ်။ သရဲတကယ်ခြောက်၊ မခြောက်သိချင်ရင်တော့ ကိုယ်တိုင်သွားတည်းကြည့်တာ အကောင်းဆုံးပါပဲ။ 


၇။လန်ဒန်ရဲတိုက်(The tower of London, England)



ဒီတာဝါကို ၁၀၇၃ခုနှစ်မှာ အဖြူရောင်တာဝါဆိုပြီး ဆောက်လုပ်ခဲ့တာပါ။ ဘုရင်မအက်လီဇဘက်(၂) ကပိုင်ပါတယ်။ ဒီတာဝါမှာ သရဲခြောက်တာတို့၊ ထူးဆန်းတဲ့ဖြစ်ရပ်တွေရှိခဲ့တယ်လို့ဆိုပါတယ်။ တစ်ခါတစ်လေ ခေါင်းပြတ်သရဲတောင် ရှိတယ်လို့ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သင်သာလန်ဒန်ကို‌ရောက်ဖြစ်လို့ သွားလည်ချင်ရင်တော့ ကြိုတင်လက်မှတ်ခံတာအကောင်းဆုံးပါပဲ။ ပြီးတော့ လက်မှတ်ဖိုးကလည်း မနည်းပါဘူး။ အလှူငွေနဲ့ပါထည့်တွက်ရင် တစ်ယောက်ကို euro 50 နဲ့အထက်ကိုကျသင့်မှာဖြစ်ပါတယ်။ 


၈။မီးတောက်ရေတံခွန်(Eternal flame falls, USA)




ရေကျနေတဲ့ ရေတံခွန်ဆိုတာ မထူးပေမယ့် ရေအောက်မှာ မီးတောက်နေတာကတော့ ထူးဆန်းတာအမှန်ပါပဲ။ ဘာကြောင့်လဲ ဘယ်သူမှမသိကြပါဘူး။  ဒီရေတံခွန်ဟာ Chestnut Ridge ပန်းခြံမှာရှိပြီး သွားလည်သင့်ပါတယ်။


၉။ရစ်ချက်ပုံသဏ္ဌာန်(Richat Structure, Mauritania) 


ကမ္ဘာ့အကြီးဆုံးကန္တာရဖြစ်တဲ့ ဆာဟာရာရဲ့အလယ်မှာတည်ရှိပါတယ်။ မုန်တိုင်းတစ်ခုလို လည်နေသလိုထင်ရပြီး အလွန်ထူးဆန်းတဲ့ဖြစ်စဉ်တစ်ခုပါပဲ။ ပညာရှင်တွေလည်း အ‌ဖြေရှာမရကြပါဘူး။ တစ်ချို့ကတော့ ဥက္ကာခဲကျရောက်ခဲ့တာကြောင့်ဖြစ်နိုင်တယ်လို့ဆိုပါတယ်။ ယုံတမ်းစကားအရကတော့ ဒီနေရာဟာ အတိတ်၊ အနာဂတ်ခရီးသွားတွေရဲ့နေရာပါတဲ့။ 


၁၀။နာဇ်ကပ်တွေရဲ့မျဉ်းကြောင်းများ(The Nazca Lines, Peru) 



ပီရူးနိုင်ငံရဲ့တောင်ဘက်ကန္တာရထဲမှာ ပုံသဏ္ဌာန်အမျိုးမျိုးရှိတဲ့ မျဉ်းကြောင်းကြီးတွေကို တွေ့ရမှာပါ။ မျောက်ပုံတွေ၊ ပင်ကူပုံတွေပေါ့။ ထူးဆန်းတာက ဒီလောက်ကြီးမားတဲ့ ရုပ်တွေ၊ မျဉ်းကြောင်းတွေကို ဘယ်သူကဘယ်လိုတိုင်းတာပြီး ဆွဲခဲ့ကြသလဲဆိုတာဖြစ်ပါတယ်။ နာဇ်ကပ်လူမျိုးတွေ လုပ်ခဲ့တာလား၊ ဘာကြောင့်လုပ်ခဲ့တာ၊ ဘယ်လိုလုပ်ခဲ့သလဲဆိုတာကို အခုထိမသိ‌ကြ‌ပါဘူး။ အခုတော့ ကမ္ဘာ့အမွေအနှစ်စရင်း၀င်နေရာတစ်ခုဖြစ်ပါတယ်။


K.L.Ag


Source;15 most mysterious places in the world


#EverythingvsEverything

Comments

Popular posts from this blog

Dimensions များအကြောင်း

ကမ္ဘာပေါ်ရှိ ထူးဆန်းသောနေရာများ(၁)