ကမ္ဘာပေါ်ရှိ ထူးဆန်းသောနေရာများ(၃)




 ၁၁။ဟိုက်ဂိတ် သုဿန်(Highgate Cemetery, England)



ဒီနေရာဟာ Tower of London ပြီးရင် England ရှိ သရဲအ‌ခြောက်ဆုံးနေရာတစ်ခုပါ။ အုပ်ဂူကြီးတွေနဲ့ ပြည့်နက်နေ‌တဲ့ အခုလိုနေရာမှာ သရဲခြောက်တာမဆန်း‌ပါဘူး။ စောင့်ကြည့်သူတွေကတော့ သရဲတွေဟာ အုပ်ဂူတွေကြားမှာ ဖြတ်သွားနေတတ်ပါတယ်တဲ့။ တစ်ချို့ကတော့ Vampire တွေဟာ အမှောင်ရိပ်တွေထဲမှာ စောင့်နေကြပါတယ်တဲ့။ 


၁၂။Area 51, USA



ဒီနေရာ ဘာတွေလုပ်နေလဲဆိုတာ ဘယ်သူ့မှမသိကြပါဘူး။ ကမ္ဘာပေါ်ရှိ သွားခွင့်မရတဲ့ နေရာတွေထဲကတစ်ခုပါ။ အရာအားလုံးကို လျှို့ဝှက်ထားကြပါတယ်။ ဒီနေရာဟာ ဂြိုလ်သားတွေရှိတဲ့နေရာဆိုပြီး နာမည်ကြီးလာတာပါ။ ပန်းကန်ပြားပျံတွေ၊ ဂြိုလ်သားတွေဆိုရင် Area 51 ကို မြင်မိကြမှာပါ။ အဲဒါက အမှန်လားဆိုတာကို ဘယ်သူမှမသိကြပါဘူး။ လက်နက်တီထွင်နေတာလား။ ရာသီဥတုထိန်းချုပ်စက် ထွင်နေကြတာလား။ ဒါမှမဟုတ် အချိန်ခရီးသွားစက် ထွင်နေကြတာလားဆိုတာကိုတော့ ဘယ်သူမှမသိနိုင်ပါဘူး။


၁၃။အီစတာကျွန်း(Easter Island, Polynesia)



ဒီကျွန်းပေါ်ရှိ လူရုပ်ကြီးတွေဟာ ထူးခြားနေပါတယ်။ အခုလို ကျောက်ရုပ်ကြီးဟာ ၈၈၀လောက်ရှိတယ်လို့ဆိုပါတယ်။ ဘယ်လူမျိုးနွယ်က ဘာကြောင့်လုပ်ခဲ့တာလဲမသိကြပေမယ့် သူတို့ဟာ သူတို့အစားရုပ်ထုကြီး ထုလုပ်ခဲ့တာလို့ လူအများစုယုံကြည်ကြပါတယ်။


၁၄။ကျောက်တန်းကြီးများ(Stonehenge, England)



ဒီနေရာတည်ရှိခဲ့နှစ်ပေါင်း‌ငါးထောင်ကျော်ခဲ့ပြီလို့ ယုံကြည်ကြပါတယ်။ ဒီနေရာရှိ သံလိုက်အိမ်‌မြှောင် အလုပ်မလုပ်ပါဘူး။ နောက်ထူးခြားတဲ့ တစ်ချက်က ကြီးမားတဲ့ ကျောက်တွေကို လူတွေဘယ်လိုသယ်ခဲ့ကြလဲဆိုတာပါပဲ။ သွားလည်သင့်တဲ့ နေရာတစ်ခုပါပဲ။


၁၅။Uluru, Australia



ဒီကျောက်တိုင်ကြီးဟာလည်း ထူးခြားတဲ့နေရာတစ်ခုပါပဲ။ ဒီကျောက်တိုင်ကြီးဟာ ရုပ်ထုတစ်ခုလိုဖြစ်နေတာကြောင့်ပါ။ လူတွေကတော့ ကမ္ဘာကိုဖန်ဆင်းတဲ့သူတွေ နေခဲ့‌တဲ့နေရာလို့လဲပြောကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုလှပ‌တဲ့နေရာမှာ ညနေဆည်းဆာကိုကြည့်ခွင့်ရရင် ‌ကျေနပ်စရာပါပဲ။



K.L.Ag


#EverythingvsEverything

Comments

Popular posts from this blog

Dimensions များအကြောင်း

ကမ္ဘာပေါ်ရှိ ထူးဆန်းသောနေရာများ(၁)