ခရီးသွားခြင်း၏ အကျိုးကျေးဇူးများ

 

ကမ္ဘာပေါ်မှာ သင်ခရီးသွားနိုင်တဲ့နေရာတွေအများကြီးရှိပါတယ်။ ကမ္ဘာပေါ်နဲ့တင်မပြောဘဲ မြန်မာနိုင်ငံအတွင်းမှာတောင် သင်ခရီးသွားနိုင်တဲ့နေရာတွေအများကြီးရှိပါတယ်။ ခရီးသွားခြင်းကရတဲ့ အကျိုးကျေးဇူးတွေကတော့ အများကြီးပါပဲ။

ခရီးသွားခြင်းဟာ သင့်အတွက် အတွေ့ကြုံသစ်တွေ၊ သူငယ်ချင်းအသစ်တွေ၊ အခွင့်အရေးတွေနဲ့၊ အကျိုးကျေးဇူးတွေအများကြီးကိုပေးစွမ်းပါလိမ့်မယ်။ မထမဆုံးအနေနဲ့ သင်နေရာသစ်တစ်ခုရောက်သွားလို့ရှိရင် အဲဒီနေရာက လူတွေဘယ်လိုနေထိုင်ကြတယ် ဘယ်လိုစားသောက်ကြတယ်ဆိုတဲ့ လူနေမှုစနစ်၊ ယဥ်ကျေးမှုနဲ့ ၊ သမိုင်းဆိုင်ရာနောက်ခံ​ဆိုတဲ့ အတွေ့ကြုံသစ်တတွေကို လေ့လာနိုင်ပါတယ်။

လေ့လာတွေ့ရှိမှုတွေအရ ခရီးသွားခြင်းဟာ လူတစ်ယောက်ရဲ့  အဖက်ဖက်ဆိုင်ရာကျန်းမာရေးနဲ့  တီထွင်ဖန်တီးနိုင်စွမ်းဆိုင်ရာ အဟန့်အတားတွေကိုပါ ကောင်းတဲ့ဖက်သို့ တွန်းပို့ပေးတယ်လို့ဆိုပါတယ်။

ဒါ့ကြောင့် သင့်ရဲ့နေ့စဥ် နိစ္စဓူဝ ဘဝ၊ရုံးဖက်ဆိုင်ရာ တာဝန်၊ အနားမရှိတဲ့အချိန်ဇယားတွေ၊နေ့စဥ်ဘဝဖိအားတွေကနေ ရုန်းထွက်ပြီး တစ်နှစ်တစ်ခါလောက်တော့ခရီးထွက်ဖို့လိုပါတယ်။

နေရာသစ်တစ်ခုသို့၊ အသစ်စက်စက်မြို့တစ်မြို့သို့ ခရီးထွက်ပြီး ခရီးထွက်ခြင်းကနေပေးတဲ့ များပြားလှတဲ့  အခွင့်ရေးတွေကို ရယူပါ။

ခရီးသွားခြင်းကနေရနိုင်တဲ့အကျိူးကျေးဇူးတွေကိုတော့ အောက်မှာဖော်ပြလိုက်ပါတယ်။


(1)Communication Skill တိုးတက်စေခြင်း

ဒါကတော့ ခရီးသွားခြင်းကရတဲ့ အဓိကအကျိုးကျေးဇူးတစ်ခုပါပဲ။သင်လက်ရှိသုံးနေတဲ့ဘာသာစကားဟာ နေရာတိုင်း သုံးစွဲတာမဟုတ်ပါဘူး။အထူးသဖြင့် နိုင်ငံရပ်ခြားသွားလို့ရှိရင် သူတို့နိုင်ငံစကားပြောရပါတယ်။ကမ္ဘာလှည့်ခရီးသည်တွေနဲ့၊ ဒေသခံတွေနဲ့ပြောလို့ရှိရင် ဘယ်လိုပြောရတယ်၊ ဘယ်လိုဆက်ဆံရတယ်ဆိုတဲ့ Communication Skill အသစ်တွေနဲ့ သင့်ကိုတစ်ဖန်တိုးတက်လာစေပါတယ်။

(2)စိတ်ကြည့်လင်မှုကိုရစေခြင်း

ကျနော်တို့အားလုံးဟာနေ့စဥ်ဘဝကိုဖြတ်သန်းရင်း ဖိအားတွေ ၊ မွန်းကျပ်မှုတွေ၊ ညည်းငွေ့စရာတွေရှိတတ်ကြပါတယ်။ခရီးသွားခြင်းဟာ ဖိအားတွေကနေ ခဏတာ အဆက်သွယ်ပြတ်သွားနိုင်ပြီးတော့ ပင်ပန်းနေတဲ့ဦးနှောက်ကို မွန်းကျပ်တဲ့ ပတ်ဝန်းကျင်ကနေ အနားရစေပါတယ်။ ဘဝဆိုတာတိုတောင်းလွန်းပါတယ်။သင်သွားချင်တဲ့နေရာ သင်ဖြစ်တဲ့အရာကို အသက်ရှင်နေတဲ့ အချိန်မှာ မလုပ်နိုင်လို့ရှိရင် ဘယ်အချိန်လုပ်မှာလဲ။နာမည်ကြီး စကားစု တစ်ခုရှိပါတယ် "we never know what we have until we lose it ". တဲ့။

(3) ဖန်တီးနိုင်မှုအတွေးခေါ်စွမ်းရည်တွေ မြင့်တက်လာနိုင်ခြင်း

ပုံမှန်လည်ပတ်နေတဲ့ နာရီဒိုင်ခွက်ကြီးထဲကနေရုန်းထွက်လိုက်ပါ။ စက်ရုပ်တစ်ကောင်လို လှုပ်ရွနေတဲ့ လူထုကြားမှာ နေစဥ်မပြတ်ရှင်သန်နေရတာက သင့်ရဲ့ ဖန်တီးနိုင်စွမ်းကိုပါ ပုံစံခွက်ထဲကို ရောက်သွားစေပါတယ်။

(4) သင့်ရဲ့ မိုးကုတ်စက်ဝိုင်းကို ချဲ့ကားပါ

ခရီးသွားခြင်းဟာ မတူညီတဲ့လူတွေ၊ မတူညီတဲ့ယဥ်ကျေးမှုတွေနဲ့သင့်ကို ထိတွေ့စေပါတယ်။

ဒီအတွေ့ကြုံတွေက ဘဝစိန်ခေါ်မှုတွေကိုဖြေရှင်းတဲ့အခါ ရှုထောင့်မျိုးစုံကနေ မြင်တတ်လာအောင်ကူညီပေးပါတယ်။

(5) သင့်ရဲ့ စိတ်ရှည်သည်းခံလိုခြင်းကို အားကောင်းစေခြင်း

ခရီးသွာခြင်းကအတွေ့ကြုံတွေအများကြီးပေးနိုင်သလို အရာတိုင်းဟာ အစီစဥ်တိုင်း အမြဲမဖြစ်တတ်တဲ့ သဘောတရားတွေကိုလည်း သင်ဟာရှာဖွေတွေ့ရှိမှာပါ။ ဒီအတွေ့ကြုံက သင့်ကိုအရာရာကိုပိုမိုနားလည်လာစေပြီး သင့်ရဲ့ မရေရာတဲ့ နေ့စဥ်ဘဝဖြတ်သန်းမှုကို ပိုပြီးအထောက်ကူပြုစေ နိုင်ပါတယ်။

(6)မိမိကိုယ်ကို ယုံကြည်မှု(Confidence) ပို၍ရှိလာစေခြင်း

နေရာသစ်တစ်ခုမှာ လူသစ်တစ်ယောက်လိုနေရတာဟာ ကိုယ်ဟာကိုယ် ယုံကြည်မှုပိုပြီးရှိစေပါတယ်။ အခက်ခဲသို့မဟုတ် ပြသနာတစ်စုံတစ်ရာပေါ်ပေါက်လာခဲ့ရင်လည်း မိမိကိုယ်ကိုယ်အားကိုလိုစိတ်ကို ပိုမိုဖြစ်ပေါ်စေပြီး သူတစ်ပါးအပေါ်မမှီခိုပဲ ရှင်သန်ရတဲ့ အခိုက်တန့်တွေက ကိုယ့်ရဲ့တစ်ကိုယ်ရည် အရည်သွေးကို တိုးမြင့်လာစေပါတယ်။ 

(7)လက်တွေ့ဘဝကပေးသော ပညာရပ်

မတူညီသောနေရာဒေသ၊သစ်ဆန်းသောယဥ်ကျေးမှု၊ ကွဲပြားသောလူထုနဲ့ ထိတွေ့ဆက်ဆံရတာဟာ သာမာန်ပညာသင်ကြားတဲ့ စာသင်ကျောင်းနဲ့ တက္ကသိုလ်တွေမှာ မသင်ယူနိုင်တဲ့ လက်တွေ့ဘဝကပေးတဲ့ ဘာသာရပ်တစ်ခုဖြစ်ပါတယ်။လက်တွေဘဝကပေးတဲ့ ပညာရပ်ဟာ ဘယ်အရာနဲ့မှမလဲ နိုင်ပါဘူး။

(8)ဘဝရဲ့ အမှတ်တရများကို ဖန်တီးပေးခြင်း

မိသားစု၊ သူငယ်ချင်း၊ ကိုယ်ချစ်ခင်ရတဲ့ပုဂ္ဂိုလ်တွေနဲ့ ခရီးသွားရတာဟာ အချင်းချင်းကြားမှာရှိတဲ့ ချစ်ခင်မှု ကြိုးကို ပိုမိုခိုင်မြဲစေသလို၊ မေတ္တာတရားစည်းဝိုင်းကိုချဲ့ကားရာလည်းရောက်ပါတယ်။ဓါတ်ပုံတွေရိုက်ပြီး သိမ်းထားမယ်၊ Facebook Social media ပေါ်တင်တာကအစ  အမှတ်တရတွေကို ရုပ်ပိုင်းဆိုင်ရာ အမှတ်တရပစ္စည်းအဖြစ် သိမ်းထားနိုင်တာတွေ ရှိသလို ခံစားမှုစိတ်ပိုင်ဆိုင်ရာအမှတ်တရတွေကလည်းတန်ဖိုးမဖြတ်နိုင်ပါဘူး။

(9)ပျော်ရွှင်မှုကိုဖန်တီးခြင်း

ပျော်ရွှင်မှုဟာသင့်အတွက်အရေးပါပါတယ်။ ပျော်ရွှင်မှ ကျန်းမာမှာဖြစ်သလို အသက်အရွယ်အပိုင်းခြားမရှိ သင်ဟာပျော်ပျော်နေပိုင်ခွင့်ရှိပါတယ်။ခရီးသွားခြင်းဟာ သင်ကြိုက်သလိုနေထိုင်ခွင့်ရှိသလို သတ်မှတ်ထားတဲ့စည်းတွေကို ချိုးဖျက်ပြီး လွတ်လပ်စွာ ပျော်ရွှင်စေအောင်ကူညီပေးပါတယ်။

(10)မိမိကိုယ်ကို ပိုမိုနားလည်လာစေနိုင်ခြင်း

ခရီးသွားစဥ်ရရှိတဲ့ အတွေ့ကြုံတွေက သင့်ဘဝရဲ့ နေ့စဥ်ကြုံတွေ့နေတဲ့ အတွေ့ကြုံတွေနဲ့ လုံးဝမတူညီတဲ့အတွက် နေရာသစ်မှာ မတူညီတဲ့ အတွေ့ကြုံသစ် ကိုသင်ရရှိမှာပါ။ဒီလိုအတွေ့ကြုံတွေက အခြေနေတစ်ခုခုမှာ ဘယ်လိုတုန့်ပြန်ရမယ်၊ ဘယ်လို ရင်ဆိုင်ရမယ် စတဲ့နားလည်မှုတွေနဲ့ အတူ သင့်အကြောင်းကိုသင် ယခင်ကထက် ပိုပြီးသိရှိလာမှာလည်း အမှန်ပါပဲ။သင့်ဘဝအနာဂါတ် တွေကိုလည်း ၄င်းအခိုက်တန့်တွေကို နမူနာယူပြီးပြင်ဆင်တတ်လာမှာဖြစ်ပါတယ်။



ခရီးသွားခြင်းဟာ အကျိုးကျေးဇူးအများကြီးရှိပေမယ့် ဂရုတစိုက်ကြိုတင်ပြင်ဆင်မှုကတော့ အရေးကြီးပါတယ်။လိုအပ်တဲ့ပစ္စည်းကြိုတင်ပြင်ဆင်တာ၊ Plan ချတာ၊  မိမိမှာ ရောဂါတစ်ခုခုရှိနေတာမျိုးဖြစ်ဖြစ်၊ ကျန်းမာရေးနဲ့ပါတ်သက်တဲ့ အခြေနေတွေမျိုးမှာ ဆေးဝါးအစပြင်ဆင်ထားဖို့လိုအပ်သလို မမေ့လျော့အောင်သတိထားဖို့လည်း အရေးကြီးပါတယ်။Allergic ဖြစ်တတ်လို့ရှိရင်လိုအပ်တဲ့ဆေးဝါး ဆောင်းထားသင့်ပါတယ်။

ဘဝဟာတိုတောင်းလွန်းပ်တယ်။ ရရှိတဲ့အချိန်မှာ ခရီးတွေများများသွားပြီး ရတဲ့ အခွင့်အရေးတွေကို လက်လွတ်ဆုံးရှုံးမခံဖို့ အကြံပြုချင်ပါတယ်။

Source:10 wonderful benefits of travelling


IMT


#EverythingvsEverything


Comments

Popular posts from this blog

Dimensions များအကြောင်း

ကမ္ဘာပေါ်ရှိ ထူးဆန်းသောနေရာများ(၁)