ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ လိုအပ်ချက်များ


 

ခေါင်းဆောင်ဆိုတာ နိုင်ငံတော်ကို အုပ်ချုပ်နေတဲ့ သမ္မတကြီး ဖြစ်နေမှ မဟုတ်ပါဘူး။

စာသင်ခန်းထဲမှာဆိုရင် အတန်းခေါင်းဆောင်ရှိပါတယ်။ အသင်းဖွဲ့တွေနဲ့ အလုပ်လုပ်လို့ရှိရင် ခေါင်းဆောင်ဆိုတာလိုအပ်ပါတယ်။ရှေးခေတ်က လှေလွှာတဲ့အချိန်မှာ လှေဦးကနေ ခေါင်းဆောင်က အချက်ပြပြီးမှ လှေလုပ်သားတွေက တစ်ညီတစ်ညာလွှာခတ်ရပါတယ်။ ဒါဟာ မှန်ကန်တဲ့ ခေါင်းဆောင်နောက်ကို လိုက်ခြင်းက ခရီးကိုမြန်မြန်ရောက်စေတယ်ဆိုတဲ့ သင်္ကေတပါပဲ။ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ ခေါင်းဆောင်ကောင်းအရည်ချင်းတွေနဲ့ ပြည့်မှီဖို့ လိုအပ်ပါတယ်။ ဒါမှသာ နောက်လိုက် လက်အောက်ငယ်သားတွေရဲ့ ယုံကြည်ကိုးစားမှုကို ရမှာဖြစ်ပြီး အဲဒီယုံကြည်မှုကပဲ ပန်းတိုင်းဆီသို့တွန်းပို့နိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့၊ ခေါင်းဆောင်ကောင်း တွေမှာရှိသင့်ရှိထိုက်တဲ့ အရည်ချင်းတွေကို ဖော်ပြပေးလိုက်ပါတယ်...

                                                                  


‌သတ္တိ (Courage)

သတ္တိဟာ ခေါင်းဆောင်တစ်ယောက်မှာလိုအပ်တဲ့အရည်ချင်းတွေထဲက နံပါတ်တစ် လိုအပ်ချက်ပါပဲ။လုပ်ငန်းအတွင်းမှာ စိန်ခေါ်မှုတွေ ဖြစ်လာတဲ့အချိန်မှာ ခေါင်းဆောင်ဟာ မားမားမတ်မတ် ရပ်တည် ပြဖို့ လိုပါတယ်။ အခြေနေတွေအရ ကြောက်စရာ အန္ဒရာယ်တွေဖြစ်လာတဲ့ အချိန်မှာတောင် ခေါင်းဆောင်ဟာ ရှေ့ကနေအကာကွယ်ပေးပြီး မားမားမတ်မတ်မတ် ရပ်တည်ရဲကြောင်း ထုတ်ဖော်ပြသရမှာဖြစ်ပါတယ်။ အမှန်းတရား အပေါ်မှာလည်း ထိုနည်း၄င်းပါပဲ အမှန်တရားအပေါ်မှာ ကြောက်မနေဘဲ ဆန့်ကျင်ဖက်အတိုက်အခံဖြစ်နေရင်တောင် ရှေ့ကနေ မှန်ကြောင်း မကြောက်ဘဲပြောရဲရပါမယ်။

‌တီထွင်ဖန်တီးနိုင်စွမ်း (Creativity)

ကိုယ်က ရှေ့ကနေဦးဆောင်နေတဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်နေရင်တော့ Creativity (ဖန်တီးနိုင်စွမ်း ဉာဏ်ရည်) ကောင်းရှိဖို့ နဲ့ အဲဒီရှိတဲ့အရည်ချင်းကိုလည်း ထုတ်ပြဖို့အခွင့်ကြုံတာနဲ့ ထုတ်ပြဖို့လိုပါတယ်။စိန်ခေါ်မှုတွေကို ဖြေရှင်းတဲ့နေရာမှာ ရှုထောင်အမျိုးမျိုးနဲ့ နည်းလမ်းအမျိုးမျိုး တွက်ချက် ချိန့်ချိန်နိုင်စွမ်းဟာ တွေဟာလည်း Crearivity ကောင်းတွေရှိလို့ဖြစ်ပါတယ်။

‌သစ္စာရှိခြင်း (Loyalty)

ခေါင်းဆောင်ကောင်းဖြစ်ဖို့ မိမိ လက်အောက်ငယ်သားကအစ မိသားစု သူငယ်ချင်း တွေအပေါ်မှာကအဆုံး ဘယ်အချိန်ပဲဖြစ်ဖြစ် သစ္စာစောင့်သိဖို့ လိုပါတယ်။ ခွင့်လွတ်ပေးခြင်း စာနာသနားခြင်း ကဲ့သို့ ငဲညှာ ခြင်းတွေဟာ သစ္စာစောင့်သိမှု Loyalty ပဲဖြစ်ပါတယ်။

‌ရိုးသားခြင်း

Honesty လို့ခေါ်ပါတယ်။ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ အတွက် လေးစားခံထိုက်မှုဟာ တော်တော်အရေးပါပါတယ်။ဒီလိုလေးစားခံရဖို့ ရိုးသားမှုဟာအရေးပါလာပါတယ်။လေးစားခံရဖို့အတွက် လေးစားခံထိုက်တဲ့သူတစ်ယောက်ဖြစ်ဖို့လိုပါတယ်။လေးစားမှုဟာ ပေးဝယ်လို့မရသလို ငါ့ကိုလေးစားပါဆိုပြီးတောင်းရမ်းလို့လည်းမရပါဘူး။ မှန်မှန်ကန်ကန် ပြောဖို့၊ ရ်ုးရိုးသားသား နေဖို့၊ ကိုယ့်ရဲစိတ်ခံစားမှုကို ထိန်းသိမ်းတတ်ဖို့၊ရိုးသားစွာ တာဝန်ယူမှုတာဝန်ခံမှု အပြည့်အဝရှိခြင်းဟာ အလွန်တရာအရေးပါတဲ့ အရည်ချင်းတွေ ဖြစ်ပါတယ်။

‌မိမိကိုယ်တိုင်စည်းကမ်းလိုက်နာခြင်း

ကိုယ်ချမှတ်ထားတဲ့စည်းကမ်းတွေအချိန်တွေကို မိမိကိုယ်တိုင်စည်းကမ်းလိုက်နာ ဖို့လိုပါတယ်။

‌ခွင့်လွှတ်ခြင်း (Forgiveness)

လူတွေကို ဒုတိယအခွင့်ရေးပေးလိုက်ပါ။

လက်အောက်ငယ်သားတွေ ပျက်ကွက်တဲ့အခါ ဒေါသမထွက်ပဲ ခွင့်လွှတ်သည်းခံခြင်းဟာလည်း ခေါင်းဆောင်ကောင်းတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အရည်ချင်း တစ်ခုဖြစ်ပါတယ်။

‌စာနာထောက်ထားတတ်မှု (Compassion)

ဘယ်ကိစ္စမဆို သူတစ်ပါးရဲ့ခံစားချက်ကိုလည်း ထည့်သွင်း စဥ်းစားပေးရပါတယ်။

‌ဉာဏ်ပညာရှိခြင်း 

သင်ယူခြင်းကိုချစ်မြတ်နိုးပါ။ သင်ယူတတ်မြောက်ခြင်း လွယ်ကူပြီး မြန်ဆန်စွာအဖြေရှာနိုင်တဲ့ သူတစ်ယောက်ဖြစ်ဖို့ ဖြတ်ထိုးဉာဏ်ကောင်းမှလည်း ဖြစ်မှာပါ။

‌စိတ်ဓါတ်ကြံ့ခိုင်ခြင်း

စိတ်ဓါတ်ကြံ့ခိုင်းခြင်း (Determination) ကောင်းဖို့လိုပါတယ်။ ကိုယ်သွားတဲ့လမ်း ကိုယ်သွားနေတဲ့ ခရီးကို ယိမ်းယိုင် မသွားဖို့ ခက်ခဲတဲ့ အချိန်တွေမှာလည်း စိတ်ဓါတ်ကြံ့ခိုင်ဖို့လိုပါတယ်။

‌စိတ်အားထက်သန်မှု

ခေါင်းဆောင်ကောင်းတစ်ယောက်ဟာ အမြဲတမ်း စိတ်အား ထက်သန်ပြီး တက်ကြွနေဖို့လည်းလိုပါတယ်။

‌ဟာသဉာဏ်ရှိခြင်း

ခေါင်းဆောင်ဟာအမြဲတမ်းရုပ်တည်ကြီးနဲ့ နေနေလို့လည်းမရပါဘူး။ လက်အောက်ငယ်သားတွေကိုယ့်ကို ခင်မင်လာအောင် ဉာဏ်ရည်သွက်လက်ပြီး ဟာသဉာဏ်ရှိဖို့လည်း လိုပါတယ်။

‌မျှမျှတတဆောင်ရွက်ခြင်း

လူတွေကိုမျှမျှတတ ဆက်ဆံပေးဖို့ပါပဲ။လက်အောက်ငယ်သားတွေက ဘက်လိုက်တယ်လို့ အထင်မခံရလေအောင် မျှမျှတတနဲ့ပါးပါးနပ်နပ် ဆောင်ရွက်တတ်ခြင်းဟာ လည်းအရေးပါပါတယ်။

‌သဘောထားကြီးခြင်း

လက်အောကငယ်သားတွေအပေါ်မိမိဟာ သဘောထားကြီးကြီးဆက်ဆံပေးကြောင်း ထင်ရှားဖို့လိုပါတယ်။


အထက်ပါအချက်တွေနဲ့ပြည့်မှီရင်တော့သင်ဟာ ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်ပြီလို့ပြောနိုင်ပါတယ်။



#EverythingvsEverything


Comments

Popular posts from this blog

Dimensions များအကြောင်း

ကမ္ဘာပေါ်ရှိ ထူးဆန်းသောနေရာများ(၁)