Attack On Titan 「Anime MV」 Get link Facebook Twitter Pinterest Email Other Apps September 09, 2020 Song Name - In The Name Of LoveAnime Name - Attack On Titan You Tube Linkhttps://youtu.be/fqYy5UG6ovA Get link Facebook Twitter Pinterest Email Other Apps Comments
Dimensions များအကြောင်း August 30, 2020 Dimensions ကျွန်နော်တို့ သိထားသလောက် ကျွန်နော်တို့တတွေဟာ 3 dimensions(3D) မှာနေထိုင်ကြသူတွေပါ။ အဲဒီသုံးခုကတော့ အရှည်(space-length)၊ အကျယ်(width) နဲ့ အနက် (ဒါမှမဟုတ်) အမြင့် တို့ဖြစ်ပါတယ်။ ဒါတွေအားလုံးကို အရွယ်အစား(size) လို့ခေါ်ပါတယ်။ ဒါတွေဟာ ယေဘုယျအားဖြင့် ခေါ်ဝေါ်ကြတာပါ။ စာရွက်ပေါ်ကအမှတ်နှစ်ခုကိုဆက်လိုက်ရင် မျဉ်းတစ်ကြောင်းရမယ်။ အဲဒီ မျဉ်းကြောင်းဟာ အလျားသာရှိတဲ့အတွက် 1D ပါ။ နောက်ထပ်အမှတ်တွေနဲ့ ချိတ်ပြီး စတုရန်းဖြစ်လာခဲ့ရင်တော့ 2Dပါ။ သူက အကျယ်လည်း ရှိလာပြီကိုး။ ကုဗတုန်းပုံကိုကြည့်မယ်ဆိုရင် ဒါဟာ 3D ဖြစ်တယ်ဆိုတာကို တန်းသိပါတယ်။ အခု ကျွန်နော်တို့ နေ့စဉ်တိုင်းတာ၊ တွေ့ထိနေရတာအားလုံးဟာ 3D အရာတွေချည်းပါပဲ။ ဒီလိုနဲ့ 4D, 5D ဆိုတာတွေကရော။ ဟုတ်ပါတယ် အဲဒါကိုလည်း ကျွန်နော်စဉ်းစားထားပြီးသားပါ။ အဲတော့ Dimensionsနဲ့ သူ့အပေါ်သတ်မှတ်ကြပုံတွေဟာ မတူညီကြပါဘူး။ Geometrical Dimensions Geometry မှာတော့ dimension တွေကို size နဲ့ မသတ်မှတ်ပါဘူး။ Latitude, Longitude, Attitude နဲ့ သတ်မှတ်ကြပါတယ်။ ဒါတွေကို မြေပုံကြည့်တဲ့အခါ အများဆုံးမြင်တွေ့ရမှာပါ။ ဒါကြောင့် space ကိုဖြစ်ဖြစ်၊ ကမ္ဘာကြီးကိုဖြစ်ဖြစ် တိုင်းတာရှုမြင Read more
ကမ္ဘာပေါ်ရှိ ထူးဆန်းသောနေရာများ(၁) August 23, 2020 ၁။ဘာမြူဒါတြိဂံ(Bermuda Triangle, Atlantic Ocean) ဒီနေရာနာမည်ကြီးတာကတော့ ခေတ်အဆက်ဆက် လူတွေ၊ သင်္ဘောတွေ၊ ဒုတိယကမ္ဘာစစ်တုန်းကဆိုရင် စစ်လေယာဉ်တွေ ပျောက်ကုန်တာကြောင့်ပါပဲ။ ယနေ့အထိ ဘယ်သူမှ ဘာကြောင့်လဲဆိုတာကိုတော့ သေသေချာချာ မသိကြသေးပါဘူး။ ပညာရှင်တွေ ထင်ကြေးပေးကြတာလည်း ရှိပါတယ်။ တချို့ကတော့ အဲဒီနေရာမှာရှိတဲ့ သံလိုက်အားဟာ မတူညီတာကြောင့်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ တစ်ချို့ကလည်း လေမုန်တိုင်းတွေကြောင့်လို့ပြောပါတယ်။ သိပ္ပံပညာရှင်တွေကတော့ အချိန်မတူတာကြောင့်လို့ဆိုပါတယ်။ တစ်ချို့ကတော့ ထူးဆန်းတာသက်သက်သာဖြစ်တယ်လို့ ဆိုကြပါသေးတယ်။ ဘယ်လို့ပဲဖြစ်ဖြစ် သင်သာ ဒီကမ္ဘာလောကကြီးကို နုတ်ဆက်ချင်ပြီဆိုရင်တော့ သွားလည်သင့်တဲ့နေရာတစ်ခုပါပဲ။ ၂။ဘန်းဖ်ဟိုတယ်(Banff Springs Hotel, Canada) ဒီဟိုတယ်ဟာ The Shining ဇာတ်ကားထဲကလို သရဲခြောက်တဲ့နေရာပါ။ ဒေသခံတွေကတော့ အခန်းနံပါတ်(၈၇၃)မှာတည်းကြတဲ့ မိသားစု၀င်အကုန်လုံး သွေးအေးအေးနဲ့အသတ်ခံလိုက်ရတာကြောင့်လို့ဆိုပါတယ်။ တစ်ချို့ကလည်း ဟိုတယ်တံခါးစောင့်ဟာ လေထဲမှာပျောက်သွားပါတယ်တဲ့။ သင်သာ ပုံမှန်မဟုတ်တဲ့ supernatural things နဲ့ ရင်ဆိုင်ရဲရင်တော့ သွားလည်သင့်ပါတယ်။ ၃။ထရန်ဆိုင်လ်ဗားနီ Read more
5cm per second「Anime MV」 September 06, 2020 Song- A Thousand Years (Christina Perri) Anime music video YouTube Link https://youtu.be/oFrEL9p-Bls Read more
Comments
Post a Comment