Dimensions (Part-2)

 

(သိပ္ပံနဲ့ ဘာသာရေးရှုထောင့်)

ရှေ့က Dimensions အပိုင်းမှာ 4D အထိ ရှင်းပြခဲ့ပြီးပါပြီ။ အခု အပိုင်း(၂)မှာတော့ 5D ကနေ ဖြစ်နိုင်သမျှအရာတွေကို ဘာသာရေးဘက်ကကော၊ သိပ္ပံဘက်ကပါ ရှုမြင်ရေးသားသွားမှာပါ။ 



သိပ္ပံအရ(By Science)



သိပ္ပံပညာအရ ဘယ်နှစ်ခုပင် တည်ရှိနိုင်တယ်လို့ ခန့်မှန်းပြောဆိုနေပါစေ တိကျတဲ့ရလဒ်မရှိရင်တော့ ဘယ်သူမှရှိတယ်လို့ မပြောနိုင်ပါဘူး။ ကျွန်နော်တို့ မသိတာ လောကမှာအများကြီးပါ။ အကုန်သိအောင်လုပ်လည်း မရပါဘူး။ 

မဟာပေါက်ကွဲမှု(Big Bang) အပြီးမှာ အရာအားလုံးဟာ စတင်လာတယ်။ Atoms က အစရှိလာမယ်။ ဂြိုလ်၊ ကြယ်၊ စကြာ၀ဠာလည်း တည်ရှိလာမယ်။ ကမ္ဘာကြီးဖြစ်ပေါ်လာပြီး သက်ရှိတွေလည်း ရှိလာကြမယ်။ Space-Time ရှိလာရင် Dimensions တည်ရှိလာမယ်။ 


5D ဆိုတာဘာလဲ? ဘာကိုသတ်မှတ်မလဲ? 

5D လို့ပြောလိုက်ရင် space-time အပြင် reality ကိုပါယူထည့်ရပါတော့မယ်။ Reality ဆိုတာ ဖြစ်စဉ်တွေ။ အကြီးအငယ်မ‌ရွှေးဖြစ်သမျှအားလုံးဟာ reality နဲ့ပတ်သက်နေမယ်။ Atom တစ်ခု ပြိုကွဲတာကအစ reality တစ်ခုအတွင်းမှာရှိမယ်။ အပြိုင်ကမ္ဘာတို့၊ အပြိုင်ဖြစ်စင်တို့ဆိုတာကို ကျွန်နော် မယုံကြည်တဲ့အတွက် ထည့်သွင်းမှာတော့မဟုတ်ပါဘူး။ Reality နှစ်ခုဆိုရင် ဘာတွေဖြစ်နိုင်မလဲ။ Reality နှစ်ခုဆိုရင် သိသိသာသာ မတူတော့တာက အချိန်ပါ။ တကယ်လို့ ဒီကမ္ဘာကြီးမှာတင် အချိန်မတူညီဘဲနေထိုင်နေကြတဲ့ လူတွေရှိနိုင်တယ်ဆိုတာတော့ ကျွန်နော်လည်း မပြောတတ်ပါဘူး။ Aဟာ Reality(1 )မှာ နေထိုင်သူဆိုရင် Reality(2) မှာ နေထိုင်တဲ့ B ကို သွားတွေ့နိုင်စရာမရှိပါဘူး။ အချိန်မတူတာ၊ အချိန်သွယ်ဖယ်သွားတာကြောင့်ပါ။ တစ်နေရာတည်းမှာရှိနေပေမယ့် အချိန်မတူရင် မတွေ့ကြတဲ့သဘောပါပဲ။ အတိတ်မှာနေခဲ့တဲ့သူတွေကို တစ်နေရာတည်းမှာနေပေမယ့် အခုလက်ရှိမှာ မတွေ့နိုင်တဲ့သဘောပါပဲ။ ဒီလိုဘဲ လက်ရှိ နေရာ(က)မှာနေပြီး အနာဂတ်က နေရာ(က)မှာနေတဲ့သူကို မတွေ့နိုင်ပါဘူး။ ဒါက reality တစ်ခုတည်းမှာဖော်ပြတာပါ။ Reality(1) ဟာ 3D,4D ဆိုပေမယ့် Reality(2)မှာ 5D ဖြစ်နေနိုင်ပါတယ်။ ဒီလိုဆိုရင် 5D ဆိုတာဟာ တခြားမဟုတ်ဘဲ special time effects သာဖြစ်ပါတော့တယ်။ special time effects ရှိတာနဲ့အညီ 5D လူသားတွေဟာ gravity effects ကို လွန်ဆန်နိုင်မယ်။ ဆိုလိုချင်တာက ပျံသွားနိုင်တာမျိုးပေါ့။ 6D က လူတွေဆိုရင်တော့ ထူးခြားတဲ့စိတ်စွမ်းအင်မျိုးကို ပိုင်ဆိုင်ကြမှာ။ ဒါက သိပ္ပံအရပါ။


ဘာသာရေးအရဆိုရင်ကော။ ဘာတွေထူးခြားမလဲ။



ဖန်ဆင်းရှင်ဝါဒအရ(By God)

ဖန်ဆင်းရှင်ကို ယုံကြည်တဲ့သူတွေအဖို့တော့ စကြာ၀ဠာကြီးဟာ သူဖန်ဆင်းခဲ့တာလို့ဆိုမယ်။ God တကယ်ရှိတယ်ဆိုကြပါစို့။ သူသာ တကယ်ရှိတယ်ဆိုရင် သူဟာ Supreme Being ဖြစ်မယ်။ Supreme Being ဖြစ်တာနဲ့အညီ သူကိုယ်တိုင် space-time ကိုဖန်တီးနိုင်တယ်။ space-time ဟာ 4D ဖြစ်တာကြောင့် God ကိုယ်တိုင်က 5D နဲ့အထက်မှာနေတဲ့သူဖြစ်ရမယ်။ ဥပမာ-6D Being ဆိုပါတော့။ ကျွန်နော်တို့ ဖန်တီးနိုင်တဲ့အရာတွေရဲ့ကန့်သတ်ချက်ဟာ 3Dပါပဲ။ ကျွန်နော်တို့က 4D beings ဖြစ်နေလို့။ God သာ 6D-10D being ဆိုရင် သူဖန်တီးနိုင်တဲ့အရာ‌တွေဟာ 6D-10D ထက် မကျော်လွန်နိုင်ဘူး။ ဆိုတော့ God လို Supreme Being မှာတောင် ကန့်သတ်ချက်‌တွေရှိနေပြန်ပါသေးတယ်။ ကန့်သက်ချက်ရှိနေရင် God ဆိုတာ မဖြစ်နိုင်ပါဘူး။ 


ဗြဟ္မာဝါဒအရ(By Supreme Gods)



‌‌ဗြဟ္မာတွေသာ စကြာ၀ဠာကိုဖန်ဆင်းခဲ့ရင် သူတို့ဟာလည်း 5D+ beings တွေပါပဲ။ သူတို့ဟာလည်း ဖန်တီးချင်တိုင်း ဖန်တီးလို့မရပါဘူး။ တစ်ယောက်ဖန်တီး၊ နောက်တစ်ယောက်ကမကြိုက်၊ ပြန်ဖျက်လိုက်နဲ့ တိုင်ပတ်နေကြမှာပါ။ 


ဗုဒ္ဓဘာသာအရ(By Buddhism)



ဗုဒ္ဓဘာသာအရ လောကမှာ သက်ရှိပေါင်း ရေတွက်လို့မရအောင်ရှိတာနဲ့အညီ နေတဲ့နေရာအမျိုးအစားလည်း မတူညီကြဘူး။ နေရာမတူတဲ့အပြင် အချိန်ပါမတူညီကြဘူး။ ခွဲလိုက်ရင် အပယ်(၄)နေရာနဲ့ ကျန်ရှိတဲ့ (၂၇)နေရာရှိတယ်။ စုစုပေါင်း လောကမှာ ဘုံပေါင်းသုံးဆယ့်တစ်ဘုံရှိမယ်။ အပယ်လေးနေရာမှာ တိရိစ္ဆာန်တစ်နေရာပါမယ်။ တိရိစ္ဆာန်တွေရဲ့နေရာက လူတွေနေတဲ့နေရာနဲ့အတူတူဘဲဆိုတော့ တခြားမတူတဲ့နေရာ (၂၉)နေရာရှိသေးတယ်။ ငရဲ၊ ပြိတ္တာ၊ အသူရကေတို့နေတဲ့ နေရာအမျိုးအစားသုံးခု။ လူ၊ တိရိစ္ဆာန်နေတာက နေရာတစ်မျိုး။ နတ်တွေရဲ့နေရာကတစ်မျိုး။ ဗြဟ္မာ‌တွေရဲ့နေရာကတစ်မျိုးဆိုတော့ စုစုပေါင်း မတူညီတဲ့နေရာအမျိုးအစား ခြောက်မျိုးရမယ်။ 


နတ်‌(gods)

နတ်တွေဆိုတာက ဘာမှလုပ်စရာမလိုဘဲ ထိုင်စားနေလို့ရတဲ့အမျိုး။ ကိုယ်လုပ်ခဲ့တဲ့ကုသိုလ်မကုန်မချင်း စံစားနေလို့ရတယ်။ လူတွေထက်အဆင့်မြင့်တာ ပြောစရာမလိုဘူး။ ဘယ်နေရာတွေမှာ အဆင်မြင့်လဲ။ နတ်တွေဟာ အစားအစာတွေကို ရှာစားစရာမလိုဘူး။ သူ့အလိုလိုရောက်လာမယ်။ အပေါ့၊ အလေးသွားစရာမလိုဘူး။ ရေချိုးစရာမလိုဘူး။ အော်တို မွှေးနေမယ်။ ရုပ်ကလည်း ချောမယ်။ ဘာမှပြောစရာမရှိ ပြည့်စုံနေမယ်။ လူတွေထက်အသက်အများကြီးရှည်တယ်။ ဒီအချက်ကို ကြည့်ရင် နတ်တွေဟာ 5D-6D မှာနေထိုင်ကြတဲ့ သက်ရှိတွေဖြစ်နိုင်တယ်။ ဆိုလိုချင်တာက စိတ်ကူးလိုက်တာနဲ့ လိုချင်တာကို ရမယ်။ ဒါဟာ နေရာဒေသ၊ အချိန်အခါရဲ့ စွမ်းအားဖြစ်တာကြောင့် Dimension တစ်ခုရဲ့စွမ်းအားလို့ဆိုနိုင်တယ်။ 


‌ဗြဟ္မာ(supreme gods)

သူတို့ဟာ နတ်တွေလို ဗိုက်ဆာလို့ဆိုပြီး စားနေစရာတောင်မလိုတော့ဘူး။ ဗိုက်ဆာတယ်ဆိုတာမှမရှိဘဲ။ လူတွေ၊ နတ်တွေလို အဖို၊အမ မရှိဘူး။ နေရာတူမှာဖြစ်တဲ့ ဗြဟ္မာတွေအကုန် တစ်ရုပ်တည်း။ ခွဲလိုမရဘူး။ သူတို့ဘာသာတော့ ခွဲသိတာပေါ့။ အလိုလို တန်ခိုးစွမ်းအားကြီးနေမယ်။ သဘာ၀စည်းမျဉ်းအတွင်းမှာ ကြိုက်တာကို လုပ်နိုင်တယ်။ လူ့အချိန်နဲ့တွက်မယ်ဆိုရင် ရေတွက်လို့မရအောင် အသက်ရှည်တယ်။ နတ်တွေဟာ 5D-6D ဆိုရင် ဗြဟ္မာတွေဟာ 7D-10D အတွင်း နေထိုင်တဲ့သက်ရှိတွေ ဖြစ်နိုင်တယ်။ 


အကျဉ်းချုပ်



Dimensions ဆိုတာတွေဟာ နေရာနဲ့အချိန်‌ကိုသာဆိုလိုတာပါ။ နေရာနဲ့အချိန်မတူညီတိုင်း dimensions မတူဘူးလို့ ပြောလို့မရပေမယ့် dimensions မတူရင်တော့ နေရာနဲ့အချိန်မတူနိုင်ဘူးလို့ပြောလို့ရပါတယ်။ ပြီးတော့ 5D သက်ရှိတွေ ရှိရှိ၊ မရှိရှိ ကျွန်နော်တို့ အပူမပါ,ပါဘူး။ အရေးကြီးတာက လူဖြစ်လာရင် လူ့ဘ၀မှာ ဘာတွေအကျိုးဖြစ်အောင်လုပ်မလဲဆိုတာပါပဲ။ လက်ရှိမှာ ကောင်းတဲ့အကြောင်းတွေကို လုပ်နိုင်ခဲ့ရင် နောင်တစ်ချိန်ကောင်းတဲ့အကျိုးဖြစ်လာမှာတော့ အသေအချာပါပဲ။ အရာရာတိုင်းဟာ အကြောင်းအကျိုးပါပဲ။ အကြောင်းကင်းတဲ့အကျိုးဆိုတာမရှိပါဘူး။



Stay home, be safe and make gain knowledge.



K.L.Ag

#EverythingvsEverything

Comments

Popular posts from this blog

Dimensions များအကြောင်း

ကမ္ဘာပေါ်ရှိ ထူးဆန်းသောနေရာများ(၁)