How Did The Universe Begin? စကြာ၀ဠာကြီး ဘယ်လိုစတင်ခဲ့သလဲ။


Big Bang Theory

Big Bang Theory အရဆိုရင် နှစ်ပေါင်း‌သန်းပေါင်း ၁၃၀၀၀ ကျော်လောက်မှာ စကြာ၀ဠာမှာ ဘာမှမရှိသေးဘူး။ Stephen Hawking ရဲ့စကားအရဆိုရင် Singularity ဆိုတဲ့ အမှတ်တစ်ခုရှိမယ်။ အဲဒီ အမှတ်ရဲ့ density, gravity, mass, temperature တွေဟာ infinite ဖြစ်နေမယ်။ တစ်ခါတော့ အဲဒီ အမှတ်(Singularity) ဟာ ပေါက်ကွဲသွားမယ်။ အဲဒီပေါက်ကွဲမှုဖြစ်စဉ်ကို Big Bang လို့ခေါ်တယ်။ 



ပေါက်ကွဲမှုအပြီး ခဏတာအတွင်းမှာ electron စတင်ပေါက်လာမယ်။ ပြီးတော့မှ protons, neutrons ဖြစ်ပေါ်လာမယ်။ ပြီးရင် hydrogen atoms နဲ့ helium atoms တွေစဖြစ်လာမယ်။ အလင်း atoms ဖြစ်တဲ့ photons တွေဖြစ်လာပြီး ပေါက်ကွဲမှုဖြစ်တာနဲ့ အလင်းဖြစ်ပေါ်လာတယ်။ ဖြစ်စဉ်ဟာမြန်လွန်းတာကြောင့် တစ်ပြိုင်တည်းဖြစ်တယ်လို့ ထင်နိုင်ပေမယ့် တစ်ခုပြီးမှ တစ်ခုဖြစ်တာပါ။ Big Bang ဖြစ်တာနဲ့ တစ်ပြိုင်နက် atoms ဖြစ်ပေါ်လာပြီး အသစ်သော atoms တွေဟာလည်း ဖြစ်ပေါ်လာခဲ့တယ်။ ဒါကြောင့် Big Bang ပြီးတာနဲ့ Space and Time ဖြစ်ပေါ်လာတယ်လို့ ယူဆနိုင်တယ်။ ပြီးတော့မှ စကြာ၀ဠာမှာ ကြယ်အရင်ဖြစ်မယ်၊ ပြီးရင် ကြယ်ရဲ့ဆွဲအားပေါ်မူတည်ပြီး ဂြိုလ်တွေဖြစ်ပေါ်လာမယ်။ ကြယ်ကို ဂြိုလ်တွေက လှည့်ပတ်နေရင် System တစ်ခုအဖြစ်သတ်မှတ်မယ်။ ကျွန်နော်တို့နေထိုင်တဲ့ Solar System လိုမျိုး။ ဖုန်မှုန့်တွေလိုမျိုး ဂြိုလ်မရှိတဲ့တိမ်တိုက်အစုအဝေးကို Nebula လို့ခေါ်တယ်။ ဒီလို systemတွေ၊ Nebulae နဲ့ တခြားသောအရာများစွာ ပေါင်းစည်းပြီးဖြစ်ပေါ်လာတဲ့ အစည်းအဝေးကြီးကို စကြာ၀ဠာတိုက်လို့ခေါ်မယ်။ ဥပမာ-Milky Way။ စကြာ၀ဠာတိုက်ပေါင်း ရေတွက်လို့မရနိုင်လောက်အောင်များပြားတဲ့ အစုအဝေးကြီးကို စကြာ၀ဠာ(The Universe) လို့ ခေါ်တယ်။


Big Bounce Theory

ဒီ theory ပေါ်တာ မကြာသေးပါဘူး။ ပိုပြီးတော့လည်း ယုတ္တိရှိတယ်။ တကယ်တော့ စကြာ၀ဠာကြီးဟာ မွေးဖွားလာခဲ့တာမဟုတ်ဘဲ အစကတည်းက တည်ရှိခဲ့တာ။ Big Bounce Theory အရဆိုရင် စကြာ၀ဠာကြီးဟာ မွေးဖွားလာတာမဟုတ်ဘဲ expansionနဲ့ contraction တစ်လှည့်စီဖြစ်နေတယ်။ စကြာ၀ဠာကြီးအတွင်းမှာရှိတဲ့ အရာတွေကသာ မွေးဖွားလိုက်၊ ပျက်စီးလိုက်ဖြစ်နေတယ်။ ဒီလိုဘဲ အမြဲဖြစ်နေခဲ့တာဖြစ်တယ်။ စကြာ၀ဠာကြီးရှိအရာအားလုံးဟာ ဖြစ်လိုက်ပျက်လိုက်ဖြစ်နေတယ်။ ဒီလိုဖြစ်စဉ်ဟာ ရေတွက်မရဖြစ်ခဲ့ပြီး နောင်လည်းဆက်ဖြစ်နေဦးမယ်။ 



(စကြာ၀ဠာကြီး အခုအချိန်မှာ ပြန့်ကားနေတုန်းရှိပါတယ်။ ဆိုလိုချင်တာက နေနဲ့ ကမ္ဘာဟာ တဖြည်းဖြည်းကွာဝေးလာတာကိုပြောတာပါ။ ဒီဖြစ်စဉ်ကို Expansion လို့ဆိုပါတယ်။ Einstein အရ စကြာ၀ဠာကြီးဟာ ပြန့်ကားနေတယ်ဆိုရင် နောင်တစ်ချိန်မှာ ပြန်ကျုံ့၀င်မှာဖြစ်တယ်ဆိုပြီး ပြောခဲ့ပါသေးတယ်။ ဒါကို Contraction လို့ခေါ်ပါတယ်။)


The Observable Universe

ကျွန်နော် လက်လှမ်းမှီသလောက်တွေရှိထားတဲ့ အကျယ်အ၀န်းတစ်ခုကို Observable Universe လို့ခေါ်တယ်။ လေ့လာနိုင်သောစကြာ၀ဠာအတွင်းမှာ 2 trillion galaxies အထိပါ၀င်တယ်။ အချင်းအားဖြင့် 45.7 billion light-years လောက်ရှိတယ်။ အလင်းနှစ်ဆိုတာ အလင်းရဲ့အမြန်နှုန်းနဲ့ တစ်နှစ်အတွင်းသွားနိုင်တဲ့အကွာအဝေး(5.88 trillion miles)ကိုဆိုတာ။ အများအားဖြင့်တော့ electromagnetic radiation ကို အခြေခံပြီးတိုင်းတာ သိရှိနိုင်တယ်။ အဝေးကြည့်မှန်ပြောင်းနဲ့ မြင်နိုင်တာမျိုးတော့မဟုတ်ဘူး။ Micro background radiation(CMBR) ကိုတော့ အကွာအဝေးတိုင်းတာတဲ့အခါ အသုံးချနိုင်တယ်။ လေ့လာသိရှိနိုင်တဲ့စကြာ၀ဠာဟာ စကြာ၀ဠာကြီးတစ်ခုလုံးရဲ့ အနည်းငယ်မျှသာရှိပါသေးတယ်။



ဘုရားရှင်ဟောခဲ့သလိုမျိုး လောကမှာကျွန်နော်တို့သိတာထက် မသိတာပိုများပါတယ်။ အကုန်သိအောင်လုပ်လို့လည်းမရပါဘူး။


Stay home, be safe and make gain knowledge.


K.L.Ag


#EverythingvsEverything


Comments

Popular posts from this blog

Dimensions များအကြောင်း

ကမ္ဘာပေါ်ရှိ ထူးဆန်းသောနေရာများ(၁)