Posts

Showing posts from September, 2020

အခုလိုအချိန်မျိုးမှာ ဘာလုပ်ရမလဲ

Image
 အခုလို အားလပ်နေတဲ့အချိန်မှာ အလုပ်သင့်ဆုံးအရာက ဘာလဲ။ အလုပ်သင့်ဆုံးအရာကတော့ အိမ်မှာနေတာပါပဲ။ မိဘတွေရဲ့အဝေးမှာ ရောက်နေကြတဲ့သူတွေအဖို့တော့ အထီးကျန်နေကြမှာအမှန်ပါပဲ။ ဒီလိုမဖြစ်စေဖို့ တစ်ခုခုအပေါ်အာရုံစိုက်သင့်ပါတယ်။ ဖုန်းပွတ်နေတဲ့အခါ အများဆုံးကြားမြင်ရမှာက နိုင်ငံရေးနဲ့ ကိုဗစ်သတင်းတွေပါ။ ဒါတွေရဲ့အောက်မှာပါလာတာကတော့ hate speech တွေပါ။ ဖုန်းပေါ်မှာ တစ်ခုခုကို သင်ယူတာထက် ဘာမှမရလိုက်ဘဲ အချိန်ကုန်တာများပါတယ်။ တစ်ချို့အတွက်တော့ အချိန်ကုန်ချင်လို့ ဖြစ်ချင်ဖြစ်မှာပါလေ။ ဘယ်လိုပဲဖြစ်ဖြစ် အခုချိန်မှာ အလုပ်သင့်ဆုံးအရာတွေကို တင်ပေးလိုက်ပါတယ်။  ၁။ ဝါသနာပါသည်ကိုလေ့လာခြင်း ကိုယ်ဝါသနာပါတဲ့အရာကို လုပ်ခွင့်မကြုံရင်တောင် လေ့လာနေသင့်ပါတယ်။ ဥပမာ။ ။ကိုယ်ဟာ နည်းပညာဘက်စိတ်သန်နေတယ်ဆိုရင် အရင်ဆုံးလုပ်သင့်တာက app တွေတစ်ခုပြီးတစ်ခု စမ်းသုံးတာ။ ဒါမှမဟုတ် ဆိုင်ရာ webs ကနေ အကြောင်းအရာတွေကို ဖတ်ရှုတာ၊ လေ့လာတာ လုပ်လို့ရတယ်။  ၂။ စာဖတ်ခြင်း စာဖတ်ရတာကို လူတိုင်းတော့ကြိုက်မှာမဟုတ်ဘူး။ ကြိုက်ကြိုက်၊မကြိုက်ကြိုက် ဖုန်းအားသွင်းတုန်းအချိန်ဖြစ်ဖြစ် စာဖတ်သင့်ပါတယ်။ ဖုန်းကနေ စာဖတ်တာဟာ အရသာမရှိတာကြောင့် စာအုပ်၀ယ်၊ ငှားဖတ်တာ အကောင်းဆုံ

How Did The Universe Begin? စကြာ၀ဠာကြီး ဘယ်လိုစတင်ခဲ့သလဲ။

Image
Big Bang Theory Big Bang Theory အရဆိုရင် နှစ်ပေါင်း‌သန်းပေါင်း ၁၃၀၀၀ ကျော်လောက်မှာ စကြာ၀ဠာမှာ ဘာမှမရှိသေးဘူး။ Stephen Hawking ရဲ့စကားအရဆိုရင် Singularity ဆိုတဲ့ အမှတ်တစ်ခုရှိမယ်။ အဲဒီ အမှတ်ရဲ့ density, gravity, mass, temperature တွေဟာ infinite ဖြစ်နေမယ်။ တစ်ခါတော့ အဲဒီ အမှတ်(Singularity) ဟာ ပေါက်ကွဲသွားမယ်။ အဲဒီပေါက်ကွဲမှုဖြစ်စဉ်ကို Big Bang လို့ခေါ်တယ်။  ပေါက်ကွဲမှုအပြီး ခဏတာအတွင်းမှာ electron စတင်ပေါက်လာမယ်။ ပြီးတော့မှ protons, neutrons ဖြစ်ပေါ်လာမယ်။ ပြီးရင် hydrogen atoms နဲ့ helium atoms တွေစဖြစ်လာမယ်။ အလင်း atoms ဖြစ်တဲ့ photons တွေဖြစ်လာပြီး ပေါက်ကွဲမှုဖြစ်တာနဲ့ အလင်းဖြစ်ပေါ်လာတယ်။ ဖြစ်စဉ်ဟာမြန်လွန်းတာကြောင့် တစ်ပြိုင်တည်းဖြစ်တယ်လို့ ထင်နိုင်ပေမယ့် တစ်ခုပြီးမှ တစ်ခုဖြစ်တာပါ။ Big Bang ဖြစ်တာနဲ့ တစ်ပြိုင်နက် atoms ဖြစ်ပေါ်လာပြီး အသစ်သော atoms တွေဟာလည်း ဖြစ်ပေါ်လာခဲ့တယ်။ ဒါကြောင့် Big Bang ပြီးတာနဲ့ Space and Time ဖြစ်ပေါ်လာတယ်လို့ ယူဆနိုင်တယ်။ ပြီးတော့မှ စကြာ၀ဠာမှာ ကြယ်အရင်ဖြစ်မယ်၊ ပြီးရင် ကြယ်ရဲ့ဆွဲအားပေါ်မူတည်ပြီး ဂြိုလ်တွေဖြစ်ပေါ်လာမယ်။ ကြယ်ကို ဂြိုလ်တွေက လှည့်ပတ်နေရင် System တ

Attack On Titan 「Anime MV」

Image
Song Name - In The Name Of Love Anime Name - Attack On Titan  You Tube Link https://youtu.be/fqYy5UG6ovA

5cm per second「Anime MV」

Image
Song-  A Thousand Years (Christina Perri) Anime music video YouTube  Link https://youtu.be/oFrEL9p-Bls

I Want To Eat Your Pancreas (Music Video)

Image
 I want to eat your pancreas music video  Music - Sad Sang အောက်မှာတင်ပေးလိုက်ပါတယ် YouTube Link ၊    https://youtu.be/op0aOOFL8Vc

Dimensions (Part-2)

Image
  (သိပ္ပံနဲ့ ဘာသာရေးရှုထောင့်) ရှေ့က Dimensions အပိုင်းမှာ 4D အထိ ရှင်းပြခဲ့ပြီးပါပြီ။ အခု အပိုင်း(၂)မှာတော့ 5D ကနေ ဖြစ်နိုင်သမျှအရာတွေကို ဘာသာရေးဘက်ကကော၊ သိပ္ပံဘက်ကပါ ရှုမြင်ရေးသားသွားမှာပါ။  သိပ္ပံအရ(By Science) သိပ္ပံပညာအရ ဘယ်နှစ်ခုပင် တည်ရှိနိုင်တယ်လို့ ခန့်မှန်းပြောဆိုနေပါစေ တိကျတဲ့ရလဒ်မရှိရင်တော့ ဘယ်သူမှရှိတယ်လို့ မပြောနိုင်ပါဘူး။ ကျွန်နော်တို့ မသိတာ လောကမှာအများကြီးပါ။ အကုန်သိအောင်လုပ်လည်း မရပါဘူး။  မဟာပေါက်ကွဲမှု(Big Bang) အပြီးမှာ အရာအားလုံးဟာ စတင်လာတယ်။ Atoms က အစရှိလာမယ်။ ဂြိုလ်၊ ကြယ်၊ စကြာ၀ဠာလည်း တည်ရှိလာမယ်။ ကမ္ဘာကြီးဖြစ်ပေါ်လာပြီး သက်ရှိတွေလည်း ရှိလာကြမယ်။ Space-Time ရှိလာရင် Dimensions တည်ရှိလာမယ်။  5D ဆိုတာဘာလဲ? ဘာကိုသတ်မှတ်မလဲ?  5D လို့ပြောလိုက်ရင် space-time အပြင် reality ကိုပါယူထည့်ရပါတော့မယ်။ Reality ဆိုတာ ဖြစ်စဉ်တွေ။ အကြီးအငယ်မ‌ရွှေးဖြစ်သမျှအားလုံးဟာ reality နဲ့ပတ်သက်နေမယ်။ Atom တစ်ခု ပြိုကွဲတာကအစ reality တစ်ခုအတွင်းမှာရှိမယ်။ အပြိုင်ကမ္ဘာတို့၊ အပြိုင်ဖြစ်စင်တို့ဆိုတာကို ကျွန်နော် မယုံကြည်တဲ့အတွက် ထည့်သွင်းမှာတော့မဟုတ်ပါဘူး။ Reality နှစ်ခုဆိုရင် ဘာတွေဖြစ်နိုင်မလဲ။