Posts

Showing posts from August, 2020

Dimensions များအကြောင်း

Image
Dimensions ကျွန်နော်တို့ သိထားသလောက် ကျွန်နော်တို့တတွေဟာ 3 dimensions(3D) မှာနေထိုင်ကြသူတွေပါ။  အဲဒီသုံးခုကတော့ အရှည်(space-length)၊ အကျယ်(width) နဲ့ အနက် (ဒါမှမဟုတ်) အမြင့် တို့ဖြစ်ပါတယ်။ ဒါတွေအားလုံးကို အရွယ်အစား(size) လို့ခေါ်ပါတယ်။ ဒါတွေဟာ ယေဘုယျအားဖြင့် ခေါ်ဝေါ်ကြတာပါ။ စာရွက်ပေါ်ကအမှတ်နှစ်ခုကိုဆက်လိုက်ရင် မျဉ်းတစ်ကြောင်းရမယ်။ အဲဒီ မျဉ်းကြောင်းဟာ အလျားသာရှိတဲ့အတွက် 1D ပါ။ နောက်ထပ်အမှတ်တွေနဲ့ ချိတ်ပြီး စတုရန်းဖြစ်လာခဲ့ရင်တော့ 2Dပါ။ သူက အကျယ်လည်း ရှိလာပြီကိုး။ ကုဗတုန်းပုံကိုကြည့်မယ်ဆိုရင် ဒါဟာ 3D ဖြစ်တယ်ဆိုတာကို တန်းသိပါတယ်။ အခု ကျွန်နော်‌တို့ နေ့စဉ်တိုင်းတာ၊ တွေ့ထိနေရတာအားလုံးဟာ 3D အရာတွေချည်းပါပဲ။ ဒီလိုနဲ့ 4D, 5D ဆိုတာတွေကရော။ ဟုတ်ပါတယ် အဲဒါကိုလည်း ကျွန်နော်စဉ်းစားထားပြီးသားပါ။ အဲတော့ Dimensionsနဲ့ သူ့အပေါ်သတ်မှတ်ကြပုံတွေဟာ မတူညီကြပါဘူး။  Geometrical Dimensions Geometry မှာတော့ dimension တွေကို size နဲ့ မသတ်မှတ်ပါဘူး။ Latitude, Longitude, Attitude နဲ့ သတ်မှတ်ကြပါတယ်။ ဒါတွေကို မြေပုံကြည့်တဲ့အခါ အများဆုံးမြင်တွေ့ရမှာပါ။ ဒါကြောင့် space ကိုဖြစ်ဖြစ်၊ ကမ္ဘာကြီးကိုဖြစ်ဖြစ် တိုင်းတာရှုမြင

မံမီတွေကိုဘယ်လိုပြုလုပ်ခဲ့ကြလဲ(Video)

Image
ဟီရာကလေဒီ ဆိုတဲ့ မံမီကတော့ AD ပထမရာစုကနေဖြစ်နိုင်တယ်လို့ ခန့်မှန်းထားကြပ ဟီရာကလီဒီ မံမီကို လက်ရှိ California ပြည်နယ် Los Angelesမြို့က  Getty ပြတိုက်မှာထိမ်းသိမ်းထားပါတယ်။ သုတေသီတွေက ခန်းမှန်ထားတာကတော့ ဒီ မံမီကိုပြုလုပ်ဖို့ ရက်ပေါင်း ခုနှစ်ဆယ်ခန့်ကြာခဲ့လိမ့်မယ်လို့ ဆိုထားကြပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလို အနီရောင်ဆေးသုတ်ထားတဲ့ မံမီရုပ်လောင်းတွေက တော်တော်လေးရှားပါးပြီး တော်တော်လည်း အသေချာပြုလုပ်ထားကြတာတွေ့နိုင်ပါတယ်။ ရှေးခေတ် ဂရိတွေက မံမီပြုလုပ်တဲ့အခါ လူတန်းစားအလိုက်ကွဲပြားကြပါတယ်။ လူဆင်းရဲတွေအတွက် မံမီနဲ့၊ လူချမ်းသာတွေအတွက် မံမီတွေက မတူညီကြပါဘူး။  ထူးခြားပြောင်မြောက်လှတဲ့ Herakleides မံမီ ပြုလုပ်ပုံ EvE ကနေတင်ပြပေးလိုက်ပါတယ်။ #IMT EverythingvsEverything

ကမ္ဘာပေါ်ရှိ ထူးဆန်းသောနေရာများ(၃)

Image
  ၁၁။ဟိုက်ဂိတ် သုဿန်(Highgate Cemetery, England) ဒီနေရာဟာ Tower of London ပြီးရင် England ရှိ သရဲအ‌ခြောက်ဆုံးနေရာတစ်ခုပါ။ အုပ်ဂူကြီးတွေနဲ့ ပြည့်နက်နေ‌တဲ့ အခုလိုနေရာမှာ သရဲခြောက်တာမဆန်း‌ပါဘူး။ စောင့်ကြည့်သူတွေကတော့ သရဲတွေဟာ အုပ်ဂူတွေကြားမှာ ဖြတ်သွားနေတတ်ပါတယ်တဲ့။ တစ်ချို့ကတော့ Vampire တွေဟာ အမှောင်ရိပ်တွေထဲမှာ စောင့်နေကြပါတယ်တဲ့။  ၁၂။Area 51, USA ဒီနေရာ ဘာတွေလုပ်နေလဲဆိုတာ ဘယ်သူ့မှမသိကြပါဘူး။ ကမ္ဘာပေါ်ရှိ သွားခွင့်မရတဲ့ နေရာတွေထဲကတစ်ခုပါ။ အရာအားလုံးကို လျှို့ဝှက်ထားကြပါတယ်။ ဒီနေရာဟာ ဂြိုလ်သားတွေရှိတဲ့နေရာဆိုပြီး နာမည်ကြီးလာတာပါ။ ပန်းကန်ပြားပျံတွေ၊ ဂြိုလ်သားတွေဆိုရင် Area 51 ကို မြင်မိကြမှာပါ။ အဲဒါက အမှန်လားဆိုတာကို ဘယ်သူမှမသိကြပါဘူး။ လက်နက်တီထွင်နေတာလား။ ရာသီဥတုထိန်းချုပ်စက် ထွင်နေကြတာလား။ ဒါမှမဟုတ် အချိန်ခရီးသွားစက် ထွင်နေကြတာလားဆိုတာကိုတော့ ဘယ်သူမှမသိနိုင်ပါဘူး။ ၁၃။အီစတာကျွန်း(Easter Island, Polynesia) ဒီကျွန်းပေါ်ရှိ လူရုပ်ကြီးတွေဟာ ထူးခြားနေပါတယ်။ အခုလို ကျောက်ရုပ်ကြီးဟာ ၈၈၀လောက်ရှိတယ်လို့ဆိုပါတယ်။ ဘယ်လူမျိုးနွယ်က ဘာကြောင့်လုပ်ခဲ့တာလဲမသိကြပေမယ့် သူတို့ဟာ သူတို့အစားရုပ်ထုကြီး ထုလုပ်ခဲ

ကမ္ဘာပေါ်ရှိ ထူးဆန်းသောနေရာများ(၂)

Image
  ၆။ဆခရိတောင်ပေါ်ရှိ တည်းခိုစားသောက်ဆိုင်(The Skirrid Mountain Inn, Wales)        တောင်နာမည်ဖြစ်ပေါ်လာတဲ့ ရာဇ၀င်ကလည်း ထူးဆန်းပါတယ်။ ခရစ်တော်ကွပ်မျက်ခံရအပြီး တောင်ကြီးဟာ ဒေါသထွက်ပြီး နှစ်ပိုင်းကွဲသွားတယ်လို့ဆိုပါတယ်။ အကြီးပိုင်းကို The great shiver နဲ့ အသေးပိုင်းကို The small shiver ဆိုပြီးခေါ်ကြပါတယ်။  စားသောက်ဆိုင်ဟာ နှစ်ပေါင်းတစ်ထောင်ကျော်သွားပါပြီ။  ထူးဆန်းတာက သရဲခြောက်တယ်ဆိုတဲ့ ပုံပြင်တွေအများကြီးရှိခဲ့လို့ပါ။ ဒီနေရာမှာ အရင်တုန်းက ကြိုးဆွဲချအသတ်ခံရသူတွေဟာ ခေတ်‌အဆက်ဆက် ‌ခြောက်လှန့်လာခဲ့ကြောင့်ပါပဲ။ ပုံပြင်တွေကြောင့်လားမသိ အခုချိန်မှာ ဒီစားသောက်ဆိုင်ကို လာရောက်တည်းခိုတဲ့ခရီးသွားတွေလည်း များလာပါတယ်။ သရဲတကယ်ခြောက်၊ မခြောက်သိချင်ရင်တော့ ကိုယ်တိုင်သွားတည်းကြည့်တာ အကောင်းဆုံးပါပဲ။  ၇။လန်ဒန်ရဲတိုက်(The tower of London, England) ဒီတာဝါကို ၁၀၇၃ခုနှစ်မှာ အဖြူရောင်တာဝါဆိုပြီး ဆောက်လုပ်ခဲ့တာပါ။ ဘုရင်မအက်လီဇဘက်(၂) ကပိုင်ပါတယ်။ ဒီတာဝါမှာ သရဲခြောက်တာတို့၊ ထူးဆန်းတဲ့ဖြစ်ရပ်တွေရှိခဲ့တယ်လို့ဆိုပါတယ်။ တစ်ခါတစ်လေ ခေါင်းပြတ်သရဲတောင် ရှိတယ်လို့ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သင်သာလန်ဒန်ကို‌ရောက်ဖြစ်လို့ သွားလ

မိမိရဲ့ အချိန်များကိုအကျိုးရှိရှိအသုံးချနိုင်ရန် လုပ်ဆောင်ရမည့် အချက်(10)ချက်

Image
  အချိန်ဟာ တစ်ရစ်ရစ်နဲ့ ကုန်ဆုံးနေပါတယ်။ အချိန်နှင့်ဒီရေဟာ လူကိုမစောင့်ဆိုတဲ့စကား အတိုင်း အချိန်ဟာတော့ သူ့ဟာသူဆက်သွားနေမှာပါ။ အချိန်ဟာကုန်ဆုံသွားလို့ရှိရင်ဘယ်တော့မှ ပြန်မရတော့ပါဘူး။ဘဝရဲ့ အခွင့်ရေး ပေါင်းများစွာ၊ ကျနော်တို့ရဲ့အသက်ရှင်မှု ဟာလည်း အချိန်တစ်ခုအပေါ်မှာပဲကပ်တွယ်နေကြတာဖြစ်ပါတယ်။ဒါကြောင့် အချိန်အပေါ်မူတည်ပြီး ဖြစ်ပေါ်လာတဲ့ အခွင့်ရေးတွေ ကိုမဆုံးရှုံးအောင် အချိန်ကိုအကျိုးရှိရှိအသုံးချဖို့တော့လိုပါတယ်။ လုပ်ငန်းတစ်ခုမှာကျွမ်းကျင်ဖို့၊ အားကစားတစ်ခုမှာထူးချွန်န်ုင်ဖို့၊ ဗဟုသုတတွေအများကြီစုဆောင်းဖို့၊ ကိုယ်ကချမ်းသာတဲ့လူတစ်ယောက်ဖြစ်ချင်တယ်ဆိုလို့ရှိရင် ငွေတွေအများကြီးစုဆောင်းနိုင်ဖို့ စသည်ဖြင့် အနာတ်ဂတ်ရည်မှန်းချက်ကောင်းတွေရှိတယ်ဆိုရင်တော့ သင့်ရဲ့တန်ဖိုးရှိတဲ့ အချိန်တွေကို အကျိုးရှိရှိအသုံးချဖို့လိုပါတယ်။ အချိန်ကိုအကျိုးရှိရှိအသုံးချခြင်းဟာ သင့်အလုပ်သာမက သင့်ဘဝကိုပါ ပို၍အဓိပ္ပါယ်ရှိလာစေပါတယ်။ အချိန်ကိုအကျိုးရှိရှိ စီမံခြင်းဆိုတာဘာလဲ?? တန်ဖိုးရှိတဲ့ အချိန်တွေကို အကောင်းဆုံးဖြစ်အောင်အသုံးချနိုင်ဖို့ အောက်ပါအချက်(10)ချက်ကို ဖော်ပြပေးလိုက်ပါတယ်။ (1)မိမိရဲ့အချိန်ကို ပြန်လည်စစ်ဆေးခြင်း သင်ဟာ

ခရီးသွားခြင်း၏ အကျိုးကျေးဇူးများ

Image
  ကမ္ဘာပေါ်မှာ သင်ခရီးသွားနိုင်တဲ့နေရာတွေအများကြီးရှိပါတယ်။ ကမ္ဘာပေါ်နဲ့တင်မပြောဘဲ မြန်မာနိုင်ငံအတွင်းမှာတောင် သင်ခရီးသွားနိုင်တဲ့နေရာတွေအများကြီးရှိပါတယ်။ ခရီးသွားခြင်းကရတဲ့ အကျိုးကျေးဇူးတွေကတော့ အများကြီးပါပဲ။ ခရီးသွားခြင်းဟာ သင့်အတွက် အတွေ့ကြုံသစ်တွေ၊ သူငယ်ချင်းအသစ်တွေ၊ အခွင့်အရေးတွေနဲ့၊ အကျိုးကျေးဇူးတွေအများကြီးကိုပေးစွမ်းပါလိမ့်မယ်။ မထမဆုံးအနေနဲ့ သင်နေရာသစ်တစ်ခုရောက်သွားလို့ရှိရင် အဲဒီနေရာက လူတွေဘယ်လိုနေထိုင်ကြတယ် ဘယ်လိုစားသောက်ကြတယ်ဆိုတဲ့ လူနေမှုစနစ်၊ ယဥ်ကျေးမှုနဲ့ ၊ သမိုင်းဆိုင်ရာနောက်ခံ​ဆိုတဲ့ အတွေ့ကြုံသစ်တတွေကို လေ့လာနိုင်ပါတယ်။ လေ့လာတွေ့ရှိမှုတွေအရ ခရီးသွားခြင်းဟာ လူတစ်ယောက်ရဲ့  အဖက်ဖက်ဆိုင်ရာကျန်းမာရေးနဲ့  တီထွင်ဖန်တီးနိုင်စွမ်းဆိုင်ရာ အဟန့်အတားတွေကိုပါ ကောင်းတဲ့ဖက်သို့ တွန်းပို့ပေးတယ်လို့ဆိုပါတယ်။ ဒါ့ကြောင့် သင့်ရဲ့နေ့စဥ် နိစ္စဓူဝ ဘဝ၊ရုံးဖက်ဆိုင်ရာ တာဝန်၊ အနားမရှိတဲ့အချိန်ဇယားတွေ၊နေ့စဥ်ဘဝဖိအားတွေကနေ ရုန်းထွက်ပြီး တစ်နှစ်တစ်ခါလောက်တော့ခရီးထွက်ဖို့လိုပါတယ်။ နေရာသစ်တစ်ခုသို့၊ အသစ်စက်စက်မြို့တစ်မြို့သို့ ခရီးထွက်ပြီး ခရီးထွက်ခြင်းကနေပေးတဲ့ များပြားလှတဲ့  အခွင့်ရေးတွေကို ရယူပါ။

ကမ္ဘာပေါ်ရှိ ထူးဆန်းသောနေရာများ(၁)

Image
  ၁။ဘာမြူဒါတြိဂံ(Bermuda Triangle, Atlantic Ocean)    ဒီနေရာနာမည်ကြီးတာကတော့ ခေတ်အဆက်ဆက် လူတွေ၊ သင်္ဘောတွေ၊ ဒုတိယကမ္ဘာစစ်တုန်းကဆိုရင် စစ်လေယာဉ်တွေ ပျောက်ကုန်တာကြောင့်ပါပဲ။ ယနေ့အထိ ဘယ်သူမှ ဘာကြောင့်လဲဆိုတာကိုတော့ သေသေချာချာ မသိကြသေးပါဘူး။ ပညာရှင်တွေ ထင်ကြေးပေးကြတာလည်း ရှိပါတယ်။ တချို့ကတော့ အဲဒီနေရာမှာရှိတဲ့ သံလိုက်အားဟာ မတူညီတာကြောင့်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ တစ်ချို့ကလည်း လေမုန်တိုင်းတွေကြောင့်လို့ပြောပါတယ်။ သိပ္ပံပညာရှင်တွေကတော့ အချိန်မတူတာကြောင့်လို့ဆိုပါတယ်။ တစ်ချို့ကတော့ ထူးဆန်းတာသက်သက်သာဖြစ်တယ်လို့ ဆိုကြပါသေးတယ်။ ဘယ်လို့ပဲဖြစ်ဖြစ် သင်သာ ဒီကမ္ဘာလောကကြီးကို နုတ်ဆက်ချင်ပြီဆိုရင်တော့ သွားလည်သင့်တဲ့နေရာတစ်ခုပါပဲ။  ၂။ဘန်းဖ်ဟိုတယ်(Banff Springs Hotel, Canada)     ဒီဟိုတယ်ဟာ The Shining ဇာတ်ကားထဲကလို သရဲခြောက်တဲ့နေရာပါ။ ဒေသခံတွေကတော့ အခန်းနံပါတ်(၈၇၃)မှာတည်းကြတဲ့ မိသားစု၀င်အကုန်လုံး သွေးအေးအေးနဲ့အသတ်ခံလိုက်ရတာကြောင့်လို့ဆိုပါတယ်။ တစ်ချို့ကလည်း ဟိုတယ်တံခါးစောင့်ဟာ လေထဲမှာပျောက်သွားပါတယ်တဲ့။ သင်သာ ပုံမှန်မဟုတ်တဲ့ supernatural things နဲ့ ရင်ဆိုင်ရဲရင်တော့ သွားလည်သင့်ပါတယ်။ ၃။ထရန်ဆိုင်လ်ဗားနီ

အထီးကျန်သောသူနှင့် အထီးမကျန်ရန်(၅)ချက်

Image
  တစ်ယောက်တည်းနေသောသူ   တစ်ယောက်တည်းနေသောကိစ္စမှာကား လွယ်ကူသောအရာမဟုတ်ပါ။ တစ်ယောက်တည်းနေခြင်းသည် လွတ်လပ်ခြင်း၊ ကြိုက်သလိုစားသောက်နိုင်ခြင်း၊ ကြိုက်နှစ်သက်ရာကို အတားအဆီးမရှိ ပြုလုပ်နိုင်ခြင်း၊ တွေးတောနိုင်ခြင်း တို့ကိုဆိုလိုသည်။ တစ်ယောက်တည်းနေသောအခါ ပျင်းလာခြင်းရှိမည်မဟုတ်။ မိမိကြိုက်နှစ်သက်သောအရာကို လုပ်နိုင်သည့်အပြင် မိမိချစ်မြတ်နိုးသောသူတို့အားလည်း ဂရုတစိုက် စောင့်ကြည့်နေနိုင်သည်။ တစ်ယောက်တည်းနေသောအခါ အပူအပင်ကင်းသည်။ မိမိအတွက် မည်သည်ကအကောင်းဆုံးဆိုသည်ကို ဆုံးဖြတ်နိုင်သည်။ မိမိ နှစ်သက်သောသီချင်းအား ဆိုနိုင်သည်။ မိသားစု၊ မိတ်ဆွေတို့အားလည်း အချိန်လုံလုံလောက်လောက် ပေးနိုင်သည်။ မိမိ ဖတ်ချင်သောစာအုပ်အား အချိန်မရွှေးဖတ်နိုင်သည်။ တစ်ယောက်‌တည်းသောသူတို့သည် တိတ်ဆိတ်ခြင်းကို နှစ်သက်ကြသည်။ လူများသော ပွဲတော်များသို့ သွားရောက်ခြင်းနည်းသည်။ အချိန်ကို သေချာစွာ ခန့်ခွဲနိုင်သည်။ မည်သည့်အချိန်တွင်စား၍ မည်သည့်အချိန်တွင် အိပ်မည်ဆိုသည်ကို ကြိုတင်သတ်မှတ်ထားပြီးဖြစ်သည်။ မိသားစု၊ မိတ်ဆွေ၊ ချစ်သူတို့အား မည်သို့အချိန်ပေးမည်ဆိုသည်ကို မသတ်မှတ်ထားသော်လည်း ကြိုက်သလို စီမံနိုင်စွမ်းရှိသည်။ ဤသည်ကား တစ်‌ယောက်တည်းနေသူ

ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ လိုအပ်ချက်များ

Image
  ခေါင်းဆောင်ဆိုတာ နိုင်ငံတော်ကို အုပ်ချုပ်နေတဲ့ သမ္မတကြီး ဖြစ်နေမှ မဟုတ်ပါဘူး။ စာသင်ခန်းထဲမှာဆိုရင် အတန်းခေါင်းဆောင်ရှိပါတယ်။ အသင်းဖွဲ့တွေနဲ့ အလုပ်လုပ်လို့ရှိရင် ခေါင်းဆောင်ဆိုတာလိုအပ်ပါတယ်။ရှေးခေတ်က လှေလွှာတဲ့အချိန်မှာ လှေဦးကနေ ခေါင်းဆောင်က အချက်ပြပြီးမှ လှေလုပ်သားတွေက တစ်ညီတစ်ညာလွှာခတ်ရပါတယ်။ ဒါဟာ မှန်ကန်တဲ့ ခေါင်းဆောင်နောက်ကို လိုက်ခြင်းက ခရီးကိုမြန်မြန်ရောက်စေတယ်ဆိုတဲ့ သင်္ကေတပါပဲ။ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ ခေါင်းဆောင်ကောင်းအရည်ချင်းတွေနဲ့ ပြည့်မှီဖို့ လိုအပ်ပါတယ်။ ဒါမှသာ နောက်လိုက် လက်အောက်ငယ်သားတွေရဲ့ ယုံကြည်ကိုးစားမှုကို ရမှာဖြစ်ပြီး အဲဒီယုံကြည်မှုကပဲ ပန်းတိုင်းဆီသို့တွန်းပို့နိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့၊ ခေါင်းဆောင်ကောင်း တွေမှာရှိသင့်ရှိထိုက်တဲ့ အရည်ချင်းတွေကို ဖော်ပြပေးလိုက်ပါတယ်...                                                                    ‌သတ္တိ (Courage ) သတ္တိဟာ ခေါင်းဆောင်တစ်ယောက်မှာလိုအပ်တဲ့အရည်ချင်းတွေထဲက နံပါတ်တစ် လိုအပ်ချက်ပါပဲ။လုပ်ငန်းအတွင်းမှာ စိန်ခေါ်မှုတွေ ဖြစ်လာတဲ့အချိန်မှာ ခေါင်းဆောင်ဟာ မားမားမတ်မတ် ရပ်တည် ပြ

အောင်စရင်းဆိုတာကျိန်စာမဟုတ် (မင်းကိုနိုင်)

ဆယ်တန်းအောင်စရင်းနဲ့ပါတ်သက်ပြီး ခံစားနေရတဲ့ လေးတွေအတွက် ၂၀၁၇တုန်းက မင်းကိုနိုင်ရေးခဲ့တဲ့ အက်ဆေးကိုမျှဝေလိုက်တယ်နော် သားနှင့်သမီးရေ..                    စာမေးပွဲ မအောင်လို့အသက်ကို အလွယ်စွန့်ခဲ့ရသူတွေ  ရှိသလို ၊ အသက်ကို ခက်ခက်ခဲခဲ မွေးပြီး စာမေးပွဲအောင်အောင်  ဖြေခဲ့ကြသူတွေအကြောင်း ပြောချင်လို့ စာရေးလိုက်တယ်။     ၁၀တန်း အောင်စာရင်းထွက်တိုင်း နားစွင့် ရင်မောရတယ်။  စာမေးပွဲဆိုတာကို ဘယ်လိုသဘောထားကြသလဲ။ လူ့ဘ၀မှာ စာမေးပွဲတွေ ဘယ်လောက်တောင် ဖြေရမလဲ၊ အောင်စာရင်း တွေ ဘယ်လောက်တောင်မျှော်ရမလဲ။   တို့အသိုင်းအဝိုင်းမှာ တက္ကသိုလ်၀င်တန်းစာမေးပွဲတွေအပေါ် သဘောထားက အန္တရာယ်ကြီးတဲ့ အနေ အထားရောက်နေပြီလား။  သေမင်းရဲ့ အချက်ပေး ခေါင်းလောင်းသံကို ကလေးတွေ ခံစား ရကုန်ပြီလား။ အဓိက ကတော့ ဖိအားတွေပဲ။ မိဘနဲ့ ပတ်၀န်းကျင်က  ကလေးတစ်ယောက်ကို  ဘယ်လောက်ဖိအားတွေ ပေးထားလို့လဲ။ တစ်ကြိမ်မရရင် နောက်တစ်ကြိမ်၊ ဒီနည်း မရရင် နောကတစ်နည်းဆိုတဲ့ ရွေးချယ်စရာတွေမရှိ လို့လား။ မဟုတ်ပါဘူး။  ဘ၀ရဲ့လမ်းတွေဟာ လမ်းသွယ် လမ်းခွဲတွေ များစွာနဲ့ တည်ဆောက်ထားတာပါ။ ကျရှုံးလို့ သောကပွားနေကြသူတွေအကြောင်း ပြောလို့မှ မဆုံးသေးဘူး။ အောင်လျက်နဲ့ မျက်နှာငယ်၊ နေ
  မင်္ဂလာပါ၊ EVE မှကြိုဆိုပါတယ်၊